Part(3)

4.3K 460 4
                                    

Unicode

ရှောင်းကျန့်နဲ့ ၀မ်ရှင်းလီရဲ့ လက်ထပ်ပွဲကိုအကျဉ်းရုံးပဲ မြန်မြန်ကျင်းပခဲ့ကြတယ်။ ချုံချင်းက ရှောင်းကျန့်ရဲ့မိဘတွေလဲလာခဲ့တယ်။ရှောင်းကျန့်ရဲ့မိဘတွေကရိုးသားပြီး အချစ်တွေအပြည့်နဲ့မိသားစုလေးပဲ။ ရှောင်းကျန့်က သူ့မိဘတွေကိုဘေကျင်းမှာပဲခေါ်ထားချင်ပေမယ့် သူတို့ကနယ်မြို့လေးမှာပဲ အေးအေးချမ်းချမ်းနေချင်တဲ့သူတွေ။

"အားကျန့် အိမ်ထောင်သည်ဖြစ်ပြီဆိုတော့ ရင့်ကျက်ရမယ်နော်။ အရင်လို ကလေးလိုနေလို့မရတော့ဘူး။ လာပါဦး၊ မားခဏဖက်ပါဦးမယ် ။ အိုက်ယိုး...မားရဲ့သားလေးတောင်အရွယ်ရောက်ပြီပဲ "

"သားလေးအတွက် မားမား ကိုယ်တိုင်သေချာနှပ်ထားတဲ့ အမဲမာလာ ၊ မုန်ညင်းချဉ်ဘူးတွေ ပါတယ်။ ကောင်းကောင်းစားနော် "

"ဟုတ်ကဲ့ပါ ပါးနဲ့မား လဲ ဂရုစိုက်နော် လိုအပ်တာရှိရင်ဖုန်းဆက်ပါနော် သားအရမ်းချစ်တယ်နော် "

မိဘတွေနား ကလေးပေါက်စလေးလိုချွဲနေတဲ့ ရှောင်းကျန့်ကိုကြည့်ရင်း ရိပေါ်က ပြုံးနေခဲ့တယ်။ မိသားစုဆိုတာ ဒီလိုမျိုးလေးလား ။သူလဲ ပါးနဲ့မားရဲ့အချစ်ခံဖူးချင်လိုက်တာ။ ငယ်စဉ်ကတည်းကအထိန်းတော်တွေနဲ့ပစ်ထားပြီး တစ်ခါမှသူ့ကိုကြင်နာမပေးခဲ့ကြဖူးဘူး။ ရှောင်းကျန့်ပုံစံလေးက ယဉ်ကျေးပြီးနူးညံ့နေတာ သူမအံ့ဩမိတော့ဘူး။ မိဘတွေကလဲအရမ်းကိုရိုးသားဖြူစင်ကြတာပဲလေ။

၀မ်ရိပေါ်ရဲ့သ‌ဘောအတိုင်း ရှောင်းကျန့်က ၀မ်အိမ်တော်ကိုပြောင်းနေခဲ့တယ်။ ၀မ်အိမ်တော်က ခြံ၀ကနေ အိမ်ရှေ့အထိ့ကို ကားနဲ့မောင်း၀င်ရင်တောင် ၆မိနစ်လောက်ကြာတယ်။ ခြံကအဲ့လောက်ထိ့ကိုကျယ်တာ။ ခြံထဲမှာ သေချာပျိုးထောင်ထားတဲ့ ပန်းမာန်တွေနဲ့ ဥယျာဉ်လေးလဲရှိတယ်။ ရေကူးကန်ကြီးလဲရှိတယ်။ အိမ်တော်မှာ အလုပ်သမား ၂၀ရှိတယ်။ အိမ်တော်ထိန်း ‌အဒေါ်ကြီး၀မ်ချင်း ကအလုပ်သမားတွေနဲ့ အိမ်ကိစ္စအ၀၀ကို ကြီးကြပ်စီမံတယ်။

ရှောင်းကျန့်က အရင်အလုပ်ကထွက်လိုက်ရပြီး ရိပေါ်ရဲ့ companyမှာပဲ လုပ်ရတယ်။ Design နဲ့ပတ်သတ်တဲ့ဌာနမှာပဲသူ့ကိုပြန်ခန့်ထားပေးတယ်။ စစချင်းတော့ရှောင်းကျန့်က ၀မ်ရိပေါ်ကိုနည်းနည်းကြောက်တယ်။၀မ်ရိပေါ်က အေးစက်စက်ပုံစံနဲ့ မပြုံးမရယ်တတ်ပေမယ့် ၊ သူ့ကိုရှောင်းကျန့်က ဘာကြောင့်မှန်းမသိ့ ရင်းနှီးတယ်လို့ခံစားရတယ်။

Bitter Love Story (Completed)Tempat cerita menjadi hidup. Temukan sekarang