Part(14)

3.6K 411 11
                                    

Unicode

"ရှောင်းကျန့် ! "

"ဘာလဲ ! "

ရောင်းသူ ၀ယ်သူ အသံတူ ဆိုတဲ့အတိုင်းပဲ လေသံက နှစ်ယောက်လုံးခပ်မာမာပဲ....

"လက်ထပ်လက်စွပ်ကဘယ်ရောက်သွားလဲ
ဘာလို့မ၀တ်ထားတာလဲ"

"မသိဘူး မရှိတော့ဘူး ပျောက်သွားပြီ"

"ဘာ! ရှောင်းကျန့် မင်းတကယ်ပြောနေတာလား"

"ဘာလို့လဲ ဈေးကြီးလို့နှမြောနေတာလား
အဲ့ဒါဆိုလဲပြန်ရှာပေးမယ်လေ"

"ရှောင်းကျန့် !!!"

"နားအူတယ် အရမ်းအော်မနေနဲ့
ရှာတွေ့ရင် ခဗျားကိုလာပေးမယ် ဟုတ်ပြီလား "

"မင်းက လက်စွပ်ကို ပျောက်ခိုင်းထားပြီး သိပ်ကိုလူပျိုလုပ်ချင်တယ်ပေါ့ ဟုတ်လား "

"အော် အဲ့လိုသဘောရောက်သွားလား
ဒါဆိုလဲမရည်ရွယ်ပါဘူး "

ထမင်းစားဝိုင်းရဲ့ မနက်ခင်းရန်ပွဲက ကြားနေကျပါပဲ။ အလုပ်သမားတွေလဲ လွတ်ရာကျွတ်ရာ ပြေးကုန်ပြီ ။ အခန့်မသင့်ရင် သူတို့ဘက်လှည့်လာမှာစိုးလို့ ....

"မင်း...အခု ငါနဲ့အခန်းထဲလိုက်ခဲ့၊ ရအောင်ပြန်ရှာ..မရရင် အသစ်ချက်ချင်းသွားလုပ်မယ် "

"ဟေ့လူ လွှတ်စမ်းပါ....
အနိုင်မကျင့်နဲ့ လွှတ်နော် "

"ရှာ ...ခု ချက်ချင်းရအောင်ရှာ
ပြန်မတွေ့ရင် နောက်ရက်မထနိုင်အောင်လုပ်ပစ်မယ် "

သူကြောက်တာနဲ့ချိန်းခြောက်တော့ ကိုယ်လေးက တုန်ရီလို့ ၀မ်ရိပေါ်ကိုမုန်းတီးစွာစိုက်ကြည့်တဲ့ မျက်၀န်းတွေ...

"ကိုယ့်ကိုအဲ့လိုမကြည့်နဲ့ ..."

"ခဗျားကို သေအောင်မုန်းတယ်သိလား "

အဲ့နေ့က လက်စွပ်ကတော့ရေချိုးခန်းကစင်ပေါ် ပြန်တွေ့ပါတယ် ။ ၀မ်ရိပေါ်က နောက်တစ်ခါချွတ်ရဲချွတ်ကြည့်လို့ ရာဇသံပေးတယ်။ ၀မ်ရိပေါ်ဟာ ရှေးခေတ်က ဘုရင်တွေ သေလို့များ၀င်စားတာလားလို့ရှောင်းကျန့်က တွေးမိတယ်။ အရမ်းကိုပိုင်စိုးပိုင်နင်းဆန်ပြီး အမိန့်တွေပေးတာလဲလွန်ရောပဲ ။ အရမ်းမုန်းပေမဲ့လဲနာခံနေရတဲ့ ကိုယ့်ကိုယ်ကိုလဲမကျေနပ်ဘူး ။

Bitter Love Story (Completed)Место, где живут истории. Откройте их для себя