Unicode
ခွဲခန်းအပြင်ကစောင့်ရင်းနှစ်ယောက်သား ဟိုလျှောက်လိုက် ဒီလျှောက်လိုက်နဲ့ဖြစ်နေကြတယ်။ ရှင်းလီရဲ့ကိုယ်၀န်က ကလေးအနေအထားမမှန်တာကြောင့်ခွဲမွေးဖို့ပဲဆုံးဖြတ်လိုက်ရတယ်။ ရှောင်းကျန့်က စိတ်လှုပ်ရှားလွန်းလို့ သတိမထားမိပဲ ဆံပင်တွေကိုဆွဲဖွထားတယ်။ ၀မ်ရိပေါ်ကတော့ ဂနာမငြိမ်စွာလမ်းလျှောက်နေတယ်။
"ဆရာ "
"အက်ထရာစောင်းရိုက်ထားတဲ့အတိုင်း ယောက်ကျားလေးမွေးပါတယ် ။ ကလေးက ကျန်းမာပါတယ် "
"အမေ.... ကလေးအမေကရော "
၀မ်ရိပေါ်က မေးတယ်။
"စိတ်မကောင်းပါဘူးခမျာ
ကလေးအမေက ခွဲစိတ်နေတုန်း သွေးလွန်ပြီးဆုံးသွားပါတယ် ။အစကလည်းကြိုပြောခဲ့ပါတယ်။ အန္တရာယ်ရှိနိုင်တယ်လို့ ။ သေစာရင်းလုပ်ဖို့ အုပ်ထိန်းသူ တစ်ယောက်လောက်လိုက်ခဲ့ပေးပါ ""ဗျာ ..."
"မဖြစ်နိုင်တာ ဦး၀မ်၊ သူတို့ဘာတွေပြောနေတာလဲ အဓိပ္ပါယ်မရှိတာတွေ"
ရှောင်းကျန့်ကအော်တယ်။
ရိပေါ်က စကားပင်မပြောနိုင်တော့...
"Daddy သမီးက daddyသမီးနော်"
"ဒါပေါ့ Daddy ရဲ့ princessလေး
ရေခဲမုန့်တွေအများကြီးမစားရဘူးနော်
သွားပိုးစားကုန်ရင် မင်းသမီးလေးက မလှပဲနေမယ် ""ဟုတ် သမီးက Daddyကိုအချစ်ဆုံး
Daddyစကားကိုအမြဲနားထောင်မှာ ""ရှင်းလေးက လိမ်မာလိုက်တာ "
၀မ်ရိပေါ်က နေရာမှာတင်ဒူးထောက်လဲကျတယ်။
"ဦး၀မ် ! "
****************************
ရှင်းလီရဲ့ အလောင်းသဂြိုလ်ပြီးတဲ့အထိ ၀မ်ရိပေါ်က ဘာစကားမှမပြောတော့ဘူး။ အရင်က စိုပြေအေးချမ်းခဲ့တဲ့ အိမ်ကြီးက တိတ်ဆိတ်သွားတယ်။ အလုပ်သမားတွေလဲ မပျော်ကြဘူး ။ တဖြည်းဖြည်းနဲ့ အချိန်တွေကုန်လာခဲ့ပြီ။ အားယွမ်လေးလဲတနှစ်ပြည့်လာပြီ။ ကလေးလေးကို ရှောင်းစစ်ကျွေးလို့နာမည်ပေးထားတယ်။ အိမ်နာမည်တော့ အားယွမ်လေးပဲခေါ်ကြတယ်။

STAI LEGGENDO
Bitter Love Story (Completed)
FanfictionStart Date - 19.6.2021 End Date - 17.7.2021 #yizhan