Unicode
သူနိုးလာတော့ တင်းကြပ်စွာဖက်ခံထားရမှု့နဲ့အတူ ဘေးမှာ အ၀တ်ဗလာနဲ့ အိပ်ပျော်နေတဲ့ ၀မ်ရိပေါ်ကိုတွေ့လိုက်ရတယ်။
ညက အိမ်မက်မဟုတ်ဘူးပဲ ...
စိတ်က ခံစားချက်မဲ့နေကာ သူ့ရင်ခွင်ထဲက ရုန်းပြီးထရပ်လိုက်တယ်။ စူးအောင့်နေတဲ့နာကျင်မှု့ကြောင့် အံကိုတင်းတင်းကြိတ်မိတယ်။ ချည်လျက်သားဖြစ်နေသေးတဲ့ လက်နှစ်ဖက်က အ၀တ်စကို ပါးစပ်နဲ့ ကိုက်ဆွဲလို့ရအောင်ဖြုတ်တယ်။ လက်ကောက်၀တ်နှစ်ဖက်လုံးက နီရဲပြီးပွန်းပဲ့နေတယ် ....
တစ်လှမ်းချင်း နံရံတွေကိုအားပြုရင်း ကိုယ့်အခန်းစီ ပြန်လာခဲ့တယ်။အပေါ်ထပ်တထပ်လုံးက သူတို့နှစ်ယောက်ထဲနေတာကြောင့် ရှောင်းကျန့်ကိုဘယ်သူမှသတိမထားမိကြဘူး။ အခန်းထဲရောက်တော့ တံခါးကိုတုန်ရီစွာ lock ချလိုက်တယ်။
သူဘယ်သူ့ကိုမှ မယုံတော့ဘူးလေ.....
ကိုယ်လဲအရွယ်ရောက် ယောက်ကျားတစ်ယောက်ပါပဲ။ကိုယ်လဲသန်မာသင့်သလောက်သန်မာပါရဲ့နဲ့ ဒီလူရဲ့ အင်အားကိုလွှတ်အောင် မရုန်းနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုလဲ စိတ်ပျက်မိတယ်။ ဘယ်လောက်ပဲ ရှင်းလီနဲ့
သွေးသားမတော်စပ်ပါဘူးဆိုဆို ...ပတ်၀န်းကျင်အမြင်မှာ ယောက်က္ခမ့နဲ့သားမက်ဆိုတဲ့ အနေအထားမျိုးမှာ ဒီလိုမှားယွင်းမှု့ကြီးက သိပ်ကိုရွံရှာ စက်ဆုပ်ဖို့ကောင်းတယ်။ သူ့ရဲ့ပထမဆုံးက ဒီလိုမျိုးယောက်ကျားတစ်ယောက်နဲ့ဖြစ်ခဲ့ရလိမ့်မယ်လို့ စိတ်ကူးတောင်မယဉ်ခဲ့ဖူးဘူး...သူထိတွေ့ထားတဲ့ ကိုယ့်ခန္ဓာကိုယ်ကိုလဲရွံ့မုန်းလွန်းလို့ဓားနဲ့လှီးပစ်ချင်မိ့သည့်အထိ ။ မှန်တင်ခုံရှေ့က ကိုယ့်ပုံစံကိုယ်မှန်ထဲပြန်မြင်တဲ့အခါမှာတော့ လူကသွေးရူးသွေးတန်းဖြစ်ကာ အံဆွဲထဲက အိတ်ဆောင်ဓားလေးကိုဆွဲထုပ်မိတော့တယ်။
သေမယ် သေလိုက်တော့မယ်။ သူသေမှဖြစ်မှာ ...
လက်ကောက်၀တ်မှာ ဓားကိုတင်လိုက်ပြီးလှီးဖြတ်ဖို့အလုပ်မှာပဲ ကြားလိုက်ရတဲ့အသံလေး ..
"အဲ့ ! ပါးပါး .."
လက်ကဓားက ကြမ်းပြင်ကိုချွင်ခနဲကျတယ်။ တုန်တုန်ရီရီနဲ့ ပုခက်လေးထဲက ကလေးကိုကြည့်မိတော့ သူ့ကိုတစ်ခစ်ခစ် ပြန်ရယ်ပြနေတဲ့ အားယွမ်လေး ...
VOCÊ ESTÁ LENDO
Bitter Love Story (Completed)
FanficStart Date - 19.6.2021 End Date - 17.7.2021 #yizhan