Part(19)

3.4K 365 18
                                    

Unicode

"ကျန်းချန် ..လုပ်ပါဦး
မင်းပြောသလို တကယ်ပဲ ဖြစ်လာပြီ ...
သူထွက်သွားပြီ ...သူငါ့ကိုထားခဲ့ပြီ ..ကလေးလဲခေါ်သွားတယ် ။ ဒီရက်ပိုင်းအရမ်းလိမ်မာပြနေတာငါ့ကိုထားခဲ့ဖို့လားကွာ .... ငါသူမရှိပဲဘယ်လိုနေရမှာလဲ ...."

ကျန်းချန်ရောက်လာတာနဲ့ရိပေါ်က ကယောင်ချောက်ချား တတွပ်တွပ်တိုင်တည်မိတယ်။

"နေပါဦး ရိပေါ်ရယ် ..ရှောင်းကျန့်က တကယ်ထွက်သွားတာရော သေချာလို့လား "

"အားယွမ်လဲ မရှိတော့ဘူးလေ
သူထွက်သွားတာ သေချာတယ် "

" သူ့ဖုန်းရော....
ဖုန်းကတဆင့်လိုက်လို့ရတာပဲ "

"ဖုန်းလဲ အိမ်မှာ ထားခဲ့တယ်
ဘာပစ္စည်းမှ မယူသွားဘူး ဒီတိုင်းပဲ "

"ဟေ့ကောင် သူထွက်ပြေးသွားတာမဟုတ်ဘူးထင်တယ်နော် ..တစ်ခုခုများဖြစ်နေလား ..."

"မသိတော့ဘူးကွာ ငါ...."

"ရှာရအောင် ၊ မင်းစိတ်ကိုငြိမ်ငြိမ်ထားစမ်းပါ
ရဲစခန်းကိုလဲ အမှု့ဖွင့်ထားရမယ် "

***************************

အခန်းကျဉ်းလေးမှာ ရှောင်းကျန့်နဲ့အားယွမ်ကို ထည့်ပိတ်ထားကြတယ်။ ဒီလူတွေကိုသူ လုံး‌ဝမသိဘူး။

"ခဗျားတို့က ပြန်ပေးသမားတွေလား
ငွေလိုချင်တယ်ဆိုရင်လဲ တောင်းသလောက်ပေးပါ့မယ် ၊ ကလေးပါနေလို့ပါ ...ကျွန်တော့်ကိုပဲခေါ်ထားလိုက်ပါ ၊ ကျွန်တော့်သားလေးကိုတော့ ပြန်လွှတ်ပေးပါနော် "

"ပါးစပ်ပိတ်ထား....
မင်းကလေးအတွက်လိုအပ်တဲ့ ပစ္စည်းတွေခဏနေလာပို့ပေးမယ် ။မင်းထပ်အော်နေရင် တစ်ခါထဲကြိုးတုတ်ပြီး ပါးစပ်တိတ်နဲ့လာကပ်ထားလိုက်မယ် ..ကြားလား "

ဆေးသမားနဲ့တူတဲ့ လူငယ်က ရှောင်းကျန့်မှေးဖျားကိုသူ့လက်နဲ့ ဆွဲမော့လို့ပြောတယ်။ ကြည်လင်ပြီး မျက်ရည်ဝေ့နေတဲ့ ရှောင်းကျန့်ရဲ့ မျက်၀န်းလေးတွေကို သူခဏငေးစိုက်ကြည့်နေပြီးမှ့ တံခါးပိတ်ထွက်သွားတယ်။

သူ့နာမည်က စုန့်ရီ။ သူ့အတွက်ဒီအလုပ်က ပီကေဝါးရသလောက်တောင် မခက်ဘူး။ အပြင်ထွက်လာတော့  ညီအစ်ကို နှစ်ယောက်သား ထိုင်လို့ဘီယာသောက်နေကြတယ်။

Bitter Love Story (Completed)Donde viven las historias. Descúbrelo ahora