Part(21)

4.3K 400 12
                                    

Unicode

၀မ်ရိပေါ်ရောက်လာတာ ကပ်သီလေးလို့ပြောလို့ရတယ်။ ရှောင်းကျန့်ကို ချုပ်ထားတဲ့လူရဲ့လက်တွေကို ဆောင့်တွန်းလိုက်ပြီး မျက်နှာတစ်ခုလုံးစုတ်ပြတ်နေအောင်ထိုးလိုက်တယ်။

"မင်းကများ ...သူ့ ကို ထိ ရဲ တယ် လား
မင်း ပြန်ပေးဆပ်ရမယ် ..."

လဲကျသွားတဲ့သူကို ခြေထောက်နဲ့အဆက်မပြတ်ကန်ကျောက်လိုက်တယ်။ မျက်နှာတစ်ခုလုံး သွေးချင်းချင်းနီသွားတယ် ။ အနောက်ကနေ နောက်တစ်ယောက်က သူ့ခေါင်းကို တုတ်နဲ့၀င်ရိုက်တယ်။ဝမ်ရိပေါ်က ရှောင်လိုက်ပေမဲ့ လက်မောင်းကိုထိသွားတယ်။လက်နက်ပါတဲ့ နှစ်ယောက် တစ်ယောက်မမျှတဲ့ပွဲမှာ သူအရမ်းဒေါသဖြစ်နေတာကြောင့်သာ ဒီလောက်ထိ ခံနိုင်ရည်ရှိနေတာ။လူဆိုး နှစ်ယောက်လုံး ကြမ်းပြင်ပေါ် သွေးသံရဲရဲ အလဲလဲအကွဲကွဲဖြစ်နေတဲ့အချိန်မှာ ကျန်းချန်နဲ့ရဲတွေရောက်လာတယ်။

"ဦး၀မ် ..."

ဝမ်ရိပေါ်က လဲကျနေတဲ့ရှောင်းကျန့်ကိုပြေးပွေ့တယ်။လည်ပင်းမှာအညိုအမဲစွဲလို့ ဖြူဖျော့ အားနည်းနေတဲ့သူ့ရဲ့ ကလေးလေး ...ရှောင်းကျန့်က သူ့နာမည်ကိုတိုးတိုးခေါ်ရင်းသတိလစ်သွားတယ်။

အားးးး~~~~

"ရိပေါ် မလုပ်နဲ့ !"

ယူကျုံးမရ၀မ်းနည်းလွန်းလို့ သူ့လက်ချက်နဲ့ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ တစ်ယောက်ကို လည်ပင်းပြေးညှစ်တယ်။

"ငါ့ကိုလွှတ်စမ်း!!!! ...ခွေးကောင်တွေ...
အားလုံးကို သတ်ပစ်မယ် "

ထိန်းသိမ်းမရအောင်ဒေါသဖြစ်နေတဲ့ ရိပေါ်ကို ရဲတွေနဲ့ကျန်းချန်က အတင်းဝိုင်းဆွဲထားတာကြောင့်သာ သူလူမသတ်မိတာ...။ ကျောက်မိန်ကတော့ အဲ့ဒီနေ့မှာပဲ အိပ်ဆေးသောက်လို့ သတ်သေသွားခဲ့တယ်.... ၀မ်ရိပေါ်က ကျောက်မိန်ရဲ့ ဈာပနတောင်မသွားခဲ့ဘူး။ ကိုယ့်သမိုင်းကိုယ်ပြန်စီရင်သွားတာ သိပ်ကောင်းတယ်။ မဟုတ်ရင်သူ့လက်က ယုတ်ညံ့တဲ့သွေးတွေ စွန်းထင်နေရဦးမယ်။

မှားယွင်းတဲ့စွဲလမ်းမှု့တစ်ခုရဲ့ အကျိုးဆက်က အရမ်းကိုကြောက်စရာကောင်းပါတယ်။

Bitter Love Story (Completed)Where stories live. Discover now