Part(11)

3.7K 435 21
                                    

Unicode

" မနက်ဖြန် ပိတ်ရက် ယွီပင်းတို့နဲ့ ခရီးတိုလေးသွားမလို့ ။ မကြာဘူး တဘက်ခါမနက်ဆိုပြန်ရောက်ပြီ "

ဘာလို့ ၀မ်ရိပေါ်ကို အရာရာခွင့်တောင်းနေရတာလဲ ရှောင်းကျန့်လဲမသိတော့ဘူး။ ခွင့်မတောင်းရင်လဲ သွားခိုင်းမှာမဟုတ်ဘူး ။ အခုလဲ သိပ်တော့မသေချာပါဘူး

"ဟိုမှာ ညအိပ်ရမှာလား၊ မရဘူး မသွားရဘူး"

"ကျွန်တော့်အသက် ၂၃ပဲရှိသေးတယ် ၀မ်ရိပေါ်ခဗျားလိုအဘိုးကြီးမဟုတ်ဘူး
လူငယ်ပဲ တညအိပ်လေးခရီးထွက်တာကို အဲ့လောက်မပိတ်ပင်နဲ့။ မသွားခိုင်းလဲသွားမှာပဲ "

"ကိုယ်မပါပဲ ဘယ်ကိုမှစိတ်မချဘူး မသွားပါနဲ့
နောက်ကိုယ်အားမှ လိုက်ပို့ပေးမယ်"

"ကျွန်တော်ခြေပြတ်လက်ပြတ်မဟုတ်ဘူး
ယောက်ကျားဗျ...ကိုယ့်ကိုယ်ကိုကာကွယ်နိုင်တယ်။ ခဗျားဘာမှ စိတ်ပူပေးဖို့မလိုဘူး"

"ကာကွယ်နိုင်တယ်ပေါ့ ဟုတ်လား"

ဝမ်ရိပေါ်ကရှေ့ကို ပိုတိုးကပ်လာတယ်။ ကြောက်လန့်ရင်းစွဲ ရှိထားပြီးသားမို့ အနောက်ကိုဆုတ်မိတယ်

"ဘာလုပ်တာလဲ "

"ကာကွယ်နိုင်တယ်ဆို ..."

ဝမ်ရိပေါ်ရဲ့လက်တွေက ရှောင်းကျန့်ရဲ့ ခါးသွယ်သွယ်လေးကို ဆွဲဖက်ပြီး အနားဆွဲကပ်လိုက်တယ်။ အိ‌ခနဲ ဘယ်ဘက်ပါးကဖြစ်သွားတယ် ။

သူ..နမ်းလိုက်တာပဲ ....

"ကဲပြော ကိုယ်စိတ်မချတာဆန်းလား"

"အဲ့ဒါခဗျားက ကျွန်တော့်ကိုအနိုင်ကျင့်ဖူးလို့လေ လူယုတ်မာရဲ့ ခဗျားအနားကပ်တာနဲ့အလိုလိုကြောက်နေမိတာ "

ရှောင်းကျန့်က ကလေးလိုအော်တော့တယ်။ တကယ်လဲ မလိုက်ရပါဘူး။ မလိုက်သွားရရုံမဟုတ်ဘူး တစ်နေကုန် သူအလုပ်လုပ်တဲ့နား နေခိုင်းပြီး နည်းနည်းတောင်အလွတ်မပေးတာမို့ ရှောင်းကျန့်ကပေါက်ကွဲပြီး အခန်းထဲပြေး၀င်လို့ တစ်ခန်းလုံးကိုဖျက်စီးပစ်တော့တယ်။

ဒါ၀မ်ရိပေါ် အရမ်းသဘောကျပြီး၀ယ်ထားတဲ့ပန်းအိုးမလား ...ကွဲစမ်း ၊ အကုန်ခွဲပစ်မယ်။

Bitter Love Story (Completed)Donde viven las historias. Descúbrelo ahora