(Jinkook)
မြို့တွင်း အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားအနက် တစ်စီးသည် Seoul မြို့၏ အထင်ကရ မုန့်ဖုတ်သင်တန်းရှေ့တွင် ထိုးရပ်လိုက်သည်။ စည်းမဲ့ ကမ်းမဲ့ မဟုတ်သော်လည်း အရမ်းကို အလျင်လိုနေသည်မို့...
ထို့နောက် အထဲမှ 20 ကျော်အရွယ် လူငယ်လေးတစ်ယောက် ထွက်လာကာ နေကာမျက်မှန်လေးကို မတင်လျက် ပတ်ထားသည့် Rolex နာရီလေးကို ငုံ့ကြည့်လိုက်သည်။
" အင်းးး မှီတော့ မှီသေးသားဘဲ... "
နောက်ထပ် 5 မိနစ်လောက် စောင့်အပြီးမှာတော့ သင်တန်းအတွင်းမှ ထွက်လာသော လူများနှင့်အတူ တစ်စုံတစ်ယောက်ကို ခြေဖျားလေးထောက်ကာ ရှာမိသည်။
တွေ့လိုက်ပါပြီ... ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်လုံး ထည့်ထားကာ ပန်းရောင်လျှာထိုး ဦးထုပ်ကို ခပ်ငိုက်ငိုက်လေး ဆောင်ထားသည့် သူ့ရဲ့ သိုးမွေးလုံးလေးးး
" Hyung~~~ ကျွန်တော် ဒီမှာ~~~~ "
အသံကျယ်ကျယ် ပေးလိုက်သည့်အပြင် အလွယ် တကူ တွေ့စေရန် လက်လေးပါ မြှောက်ပြလိုက်သေးသည်။ ဒီက ကောင်လေးက အဲ့လောက်ထိကို အလိုက်သိပါသည်...
" ယုန်ပေါက်လေး!!!? ကိုယ့်ကို လာကြိုတယ်ပေါ့!!! "
လက်တွေကို ဝေ့ယှမ်းပြနေသော ချစ်စရာကောင်လေးဆီသို့ ပုံမှန်ထက် မြန်မြန်လေးလျှောက်သွားကာ ရီပြနေသော မျက်နှာလေးကို ကြည့်ပြီး အ သည်းယားစွာဖြင့် ခေါင်းထက်က ဆံပင်လေးတွေကို ဖွပေးလိုက်သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ထိုအပြုအမူနောက် ယုန်ပေါက်လေးဆိုသော ကောင်လေးမှာ ဆူပုတ်လျက်... သူလိုချင်တာ ဒီလိုမဟုတ် သူ့ကိုတွေ့တာနဲ့ အင့်ခနဲ နေအောင် ပြေးဖက်ရမှာကို
![](https://img.wattpad.com/cover/275212248-288-k698859.jpg)