(Taejoon)
" ကျွန်တော့်ကို လာမခေါ်နဲ့... ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး ဖယ်!!! "
" Tae! ကိုယ် ချော့နေတယ်နော်... ဘာလို့ဒီလောက်အထိမခံဖြစ်နေရတာလဲ... "
" ခင်ဗျား မအော်နဲ့... ဟင့် ခင်ဗျား ကျွန်တော့်ကို မအော်နဲ့!!!! "
" ဟုတ်ပြီ Tae... ဒါဆို ကိုယ်ပြောပြတာ နားထောင်... အဲ့ဒီမိန်းကလေးက ကိုယ်နဲ့ ဘာမှ မဆိုင်ပါဘူးဆိုကွာ... ဒီအတိုင်း မိတ်ဆွေသက်သက်-"
" မိတ်ဆွေ? ဟက် မိတ်ဆွေက လက်ကိုင်သတဲ့လား... မိတ်ဆွေက အနားကပ်ပြီး မခို့တရို့ ရီသတဲ့လားးး!!! ခင်ဗျား သစ္စာဖောက်တာကို ဖုံးကွယ်ချင်တိုင်း ကျွန်တော့်ကို လာလိမ်မနေနဲ့!!! "
" Kim Taehyung!!!! မင်း စကားပြောဆင်ခြင်စမ်း!!! "
" ဘာ... Kim Taehyung? အဲ့လိုမိန်းမတစ်ယောက် အတွက်နဲ့ ကျွန်တော့်ကို နာမည်အပြည့်အစုံ ခေါ်တဲ့အထိ? "
" မဟုတ်ဘူး Tae! ကိုယ်ပြောတာ နားထောင် "
" ဒီလောက်နဲ့ဘဲ ရပ်လိုက်ကြတာပေါ့... နှုတ်ဆက်ခဲ့တယ် Kim Namjoon "
-----------------------------------
" HYUNG!!!!!! "
ညစဥ်ရက်ဆက် ဒုက္ခပေးနေသော ထိုအိမ်မက်ကို ဒီညလည်း Taehyung ထပ်မက်ပြန်သည်။ လမ်းခွဲလိုက်လျှင် ခံစားရတာတွေ သက်သာသွားမယ် ထင်ခဲ့ပေမယ့် ပိုနာကျင်ခံစားနေရဆဲ....
" ငါ့ကို ဘယ်အချိန်ထိ နှိပ်စက်နေဦးမှာလဲကွာ "
Taehyung စိတ်ပျက်ပျက်နှင့် ထထိုင်ကာ ဆံပင်တွေကို ထိုးဖွပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ အလင်းနည်းနည်းတောင် မရှိသေးတဲ့ အခြေအနေအရ သူစောစောနိုးလာခဲ့ပြန်ပြီ...
" Hyung ကို လွမ်းလိုက်တာ... "
ရင်ထဲမှာ ခံစားနေရသော အစိုင်အခဲကြီးကို လျော့သွားလို လျော့သွားငြား သူထုတ်ပြောလိုက်သည်။ သို့ပေမယ့် ကြားစေချင်တဲ့လူက အနားမှ မရှိလို့လား မသိ... မျက်ရည်တွေသာ ဝဲတက်လာခဲ့သည်...
" အားးးး Hyung ရေ.... ကျွန်တော် ရူးတော့မှာဘဲ "
ငိုချင်လာသည့် စိတ်ကို ချုပ်တည်းကာ မျက်ရည်တွေကို အတင်းပြန်ထည့်ရင် ဘေးနားက ဖုန်းကို ကောက်ဖွင့်လိုက်သည်။ Screen မှာ ဖော်ပြထားသော နာရီက 4:23 a.m...