(Jinkook)
တီ.... တီ.... တီ....
အိပ်ရာဘေးက တရစပ်မြည်လာတဲ့ နှိုးစက်ကြောင့် Jungkook အိပ်နေရာက မထဘဲ နှိုးစက်ပိတ်လိုက်သည်။ အိပ်ရာပေါ်တွင် တစ်ပတ်နှစ်ပတ်လှိမ့်ပြီး နိုးနေသည့်တိုင် စိတ်ကမကြည်သေး။
" ရောက်သင့်နေပြီဟာကို... ဘာလို့မလာသေးတာလဲ "
မိနစ်အနည်းငယ်လောက် ထပ်စောင့်တာတောင် မလာသေးသဖြင့် အိပ်ရာမှ ထကာ မျက်နှာထသစ်လိုက်သည်။ သူက ပြသာနာရှာထားသည့်အတွက် သူ့ကိုပြန်ပြီး ပြသာနာရှာမယ့်လူကို သူစောင့်နေခြင်း...
" JEON JUNGKOOK!!! "
မျက်နှာသုတ်နေတုန်းရှိသေး... အောက်ထပ်က ကြားလိုက်ရသည့် လိပ်ပြာလွင့်မတတ် အသံကြောင့် သူပြုံးဖြစ်အောင် ပြုံးလိုက်သေးသည်။ နောက်ဆုံးတော့ ရောက်လာခဲ့ပြီဘဲ...
လေ လေး တချွန်ချွန်ဖြင့် အိပ်ရာပေါ် တက်ထိုင်ကာ အခန်းတံခါးလာဖွင့်မည့်သူကို စိမ်ပြေနပြေစောင့်နေလိုက်သည်။ သို့သော် တော်တော်ကြာသည့်အထိ အပေါ်ထပ်တက်မလာတာကြောင့် သူကဘဲ အောက်ဆင်းဖို့ ဆုံးဖြတ်လိုက်သည်။
" ဒီကောင်... Omma နဲ့ စကားပြောနေပြန်ပြီ ဖြစ်- အမလေးးး လန့်လိုက်တာ "
ကိုယ့်စကားနဲ့ကိုယ် အတွေးများနေရာမှ တံခါးကို ဖွင့်လိုက်တော့ တံခါးရှေ့ရပ်နေသည့် ဆူပုတ်ပုတ်မျက်နှာထားကြောင့် Jungkook တကယ်ပင် လန့်သွားရသည်။
" အဖိုးကြီးပေါက်စရယ်... စောစောစီးစီး မျက်နှာဆိုးနဲ့ လူကို လန့်သေအောင်လုပ်မလို့လား "
Jungkook စကားကြောင့် တံခါးရှေ့က Seokjin မှာ နင်ခနဲ... နေရင်းထိုင်ရင်း အဖဲ့ခံရတာဆိုလို့ ဒီသကောင့်သားကြောင့်ဘဲ ရှိတယ်...
" ချီးကို မျက်နှာဆိုးလားးးး ငါမင်းကို ပြောထားတယ်မဟုတ်လား... ဒီတစ်ခေါက်လွှတ်ပေးလို့... "
အခန်းထဲ မဝင်ဘဲ တံခါးဝမှာတင် အော်ဟစ် သောင်းကျန်းနေတဲ့ Seokjin ကြောင့် Jungkook တစ်ယောက် လက်ကနေ ကိုင်ကာ အခန်းထဲ ဆွဲသွင်းလိုက်သည်။
" သေအောင်အော်မနေနဲ့... Omma ကြားသွားရင် မင်းရောငါရော ဒုက္ခရောက်မှာ... "