All will be allowed to Joon

1.1K 32 0
                                    

(Namjin)
Warning: Read only who think Namjin is real!  Do not read people who are sensitive to OTP!

Step 13, Namjoon မွေးနေ့ပြီး နောက်တစ်နေ့...
( Bd Live လွှင့်ပြီး 2 နာရီကျော်ခန့် အကြာ )

^ know know ^

Studio ထဲတွင် သီချင်းများစွာနှင့် အလုပ်ရှုပ်နေတုန်း တံခါးခေါက်သံ သဲ့သဲ့လေး ပေါ်လာတာမို့ နမ်ဂျွန်း ခဏမျှ သမ်းဝါးလိုက်သည်။ ထို့နောက် ဖုန်း စခရင်ပေါ်က နာရီကို ကြည့်ပြီး အခန်းဝက လူရိပ်ကို လှည့်ကြည့်လိုက်သည်။

အိုးးး ဂေါ့ Hyung ဘဲ!

အရိပ်လေးမြင်တာနှင့် ထိန်းမရစွာ ခုန်ပေါက်လာသော နှလုံးသားလေးအား အလိုလိုက်ကာ ခုံပေါ်ကနေ မြန်မြန်ဆင်းပြီး တံခါးကို အလျင်မြန်ဆုံးနည်းဖြင့် ဖွင့်လိုက်သည်။ ရလဒ်ကတော့ ခုံခြေထောက်နဲ့ တိုက်မိပြီး ခြေမ နာသွားတာပင်...

" အိပ်ငိုက်နေတာလား Namjoon~ "

တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် မြင်လိုက်ရသော အေးချမ်းသည့် မျက်နှာလေးကြောင့် နမ်ဂျွန်းမှာ နာတာတွေ မေ့ပျောက်ကာ ပြုံးဖြီးနေမိပြန်သည်။ ဝတ်ထားသည်ကလည်း LV က ထုတ်ထားသည့် Hoodie ခဲရောင်လေး... သူနှင့်ဆင်တူ...

" မဟုတ်ပါဘူးးး Hyung က ဘာလို့ လာတာလဲ? 11 နာရီ ထိုးတော့မှာကို... မပြန်သေးဘူးလားးး "

" ဟင့်အင်းးး မင်းနဲ့တူတူပြန်မလားလို့လေ "

ဆော့ဂျင်က ပြောရင်းဆိုရင်းနှင့် အပေါက်ဝမှာ ပိတ်နေသော နမ်ဂျွန်း၏ ကိုယ်လုံးကြီးကို တွန်းဖယ်ကာ အခန်းထဲသို့ ဝင်ပြီး လိမ္မော်ရောင် ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်သည်။ အခန်းထောင့်မှာ ထောင်ထားတဲ့ ပန်းရောင်စက်ဘီးကြီးကို မြင်တော့ မျက်နှာက အလိုလို ပူတက်လာသည်။

" Hyung က ဒီတိုင်း ထိုင်စောင့်နေမယ်ပေါ့? "

နမ်ဂျွန်းက ဆော့ဂျင်ဟျောင်း အေးနေမှာစိုး၍ အခန်းတံခါးကို သေချာပိတ်ကာ ကွန်ပျူတာရှေ့တွင် ဝင်ထိုင်ပြီး လုပ်လက်စများကို Save ကာ သိမ်းနေလိုက်သည်။

" မင်း လုပ်စရာရှိတာ လုပ်လေ... မနေ့တုန်းက မင်းမွေးနေ့ဆိုတော့ မင်းနဲ့တူတူ အချိန်ဖြုန်းပေးမလို့ "

Little World Where stories live. Discover now