(Jinmin? ,Namji? ,Yoonmin?)
သတင်းထောက်များစွာနှင့် ရှုပ်ရှက်ခတ်နေသော အခန်းတစ်ခု။ စကားသံများကလည်း ဆူညံစွာနှင့် အရေးကြီးသတင်းများ ရရှိရန်အတွက် အဆင့်သင် ကြိုတင်ကာ ပြင်ဆင်နေကြသည်။
ထိုအချိန် စဥ်မြင့်ပေါ်သို့ တက်လာသော လူတစ်ယောက်ကြောင့် တစ်ခန်းလုံး မီးပေါ် ရေကျသလို ရှဲခနဲ... ထိုသူက ယနေ့ပွဲ၏ အဓိက ဇာတ်ဆောင် Idol Park Jimin ပင်...
မိုက်ခရိုဖုန်းများစွာ တပ်ဆင်ထားသော ခုံအလယ်
တည့်တည့်သို့အရောက် Jimin ခေါင်းငြိမ့်ပြလိုက်သည်နှင့် ရုတ်တရက် တိတ်သွားသောအခန်းက ကင်မရာသံ တဖြတ်ဖြတ်နှင့် ပြန်လည် ဆူညံလာလေသည်..' ဒီကို ကြည့်ပါဦး... ဒီနားကို ကြည့်ပါဦး ' စသော အသံတွေနှင့်အတူ ကင်မရာ မီးအလင်းရောင်တွေ ကို လိုက်ကြည့်ပြီး သကာလ လူက ခေါင်းတွေပင် မူးလာသလို...
သတင်းစာ ရှင်းလင်းပွဲဆိုပေမယ့်လည်း Idol ဆိုသည့် Image က ရှိသေးသဖြင့် Suit အပြည့်အစုံကြီး ဝတ်လာသည့်အပြင် တလောကဘဲ Comeback လုပ်ထားသဖြင့် အရောင်မပြောင်းရသေးသော သက်တန့်ရောင် ဆံပင်ကာလာကလည်း ကြိုကြားကြိုကြား
.
.
.
.
.
သတင်းခေါင်းစီးအတွက် ဓာတ်ပုံအရိုက်ခံနေသည်မှာ 5 မိနစ်လောက်ရှိပြီး ဖြစ်၍ Jimin လက်ကာပြလိုက်သည်။ ထိုအခါမှ အလုပ်ရှုပ်နေကြသော လူတွေလည်း သူတို့နေရာသူတို့ ထိုင်ကာ မေးခွန်းများ စမေးရန်အတွက် ပြင်ဆင်ကြတော့သည်။
Jimin လည်း အောက်တွင် ရှိနေသည့် သတင်းသမားများကို မျက်စိတစ်ချက် ဝေ့ကြည့်ပြီး သက်ပြင်းတွေ ချမိသည်...
" ငါလုပ်နိုင်ပါ့မလားးးး "
Comeback လုပ်ထားတာမှ မကြာသေး... Disband ဖြစ်မယ့်အထိတော့ အရောက်မခံနိုင်...သူ့ကိုယ်သူ မယုံကြည်သဖြင့် စင်ဘေးအောက် ထောင့်တွင် ရှိနေသော သူနှင့် ခင်မင်ရင်းနှီးသည့် လူတွေကို လိုက်ကြည့်မိသည်။
သူ တက်သစ်စ ကတည်းက အနားမှာ ရှိနေပေးသော မန်နေဂျာ Hyung Kim Namjoon
သူ့ကို သီချင်းတွေ အများကြီး ရေးပေးဖူးသော PD Min Yoongi