I Found Luv In The Jail

1.1K 52 2
                                    

(Sope)

9:00 A.M , Incheon ရဲစခန်း

" ကဲ...ကဲ... ကျွန်တော်တို့ အဖွဲ့ 3 ရဲ့ ဂုဏ်ဆောင် စုံထောက် Min Yoongi လာပါပြီခင်ဗျာ... "

Yoongi ပုခုံးကို ကိုင်ကာ ဖွဖွလေး တွန်းလာရင်း အလုပ်သင် Kim က ဆိုတော့ အဖွဲ့ 3 members တွေ အကုန်လုံး၏ မျက်လုံးက သူ့ဆီမှာ ဝေ့လျက်...

" ဖြည်းဖြည်းကိုင်ပါ Kim Taehyung ရယ်... Yoongi Hyung ရဲ့ ဒဏ်ရာကို ထိမိနေပါဦးမယ်.. "

Yoongi ၏ မနေ့ညကမှ သူခိုးဖမ်းရင်း ရလာသော လောလောလတ်လတ် ဒဏ်ရာကို အလုပ်သင် Park က စိုးရိမ်စွာပြောသည်။

" သိပါတယ် Park Jimin ရယ်... မင်းကလေ အရပ်ပုသလောက် လျှာကို ရှည်တယ်.... "

" အမယ်... ငါက Eunki ထက်တော့ မြင့်ပါသေးတယ်နော်... "

Jimin စကားကြောင့် ထောင့်စွန်းနားမှာ ထိုင်နေသော Yeon Eunki တစ်ယောက် မျက်နှာကြီး မဲမှောင်သွားသည်ကို Yoongi ထိုင်နေရင်းမှ တွေ့လိုက်သေးသည်။

" ကဲပါ... 95s အလုပ်သင် နှစ်ကောင်ရယ်... မင်းတို့ကြောင့် နေ့တိုင်း ညံနေတော့တာဘဲ... "

အဖွဲ့မှူး Kim က စိတ်မရှည်သလို ခပ်ရွဲ့ရွဲ့ဆိုတော့ 95s တွေခဗျာ... မျက်နှာငယ်လေးတွေနှင့်...

" ဟုတ်တယ် Namjoon... ဒီကောင်တွေက ရဲမဖြစ်လာဘဲ လူရွှင်တော် ဖြစ်လာရမှာ... "

ထပ်ပြီး လောင်စာဆီ ထည့်သူက သူ့ဘေးတွင် ထိုင်နေသော စုံစမ်းရေးမှူး Kim...

သူတို့ကြောင့် တစ်နေ့တစ်နေ့ ပျင်းရတယ်လို့ကို မရှိ... အားနေ သတ်ပုတ်နေပြီး ရဲဖြစ်နေတာ တောင် ကလေးစိတ် မကုန်နိုင်သေး...

" Yoongi-yar... ငါတို့ အဖွဲ့ထဲက မိန်းကလေးတွေကို တစ်ချက်လိုက်ကြည့်လိုက်စမ်း... "

သူ့နားကို ကပ်ကာ တိုးတိုးလေးပြောသော Seokjin ကြောင့် အဖွဲ့ထဲမှာ ရှိသည့် 3 ဦးတည်းသော မိန်းကလေးများကို လိုက်ကြည့်လိုက်သည်။

" ဟမ်! ဘာလို့ ဒီလောက်တောင် အိန္ဒြေရနေကြတာလဲ... "

Yoongi မေးတာ တကယ်မမှား... ခါတိုင်းဆိုလျှင် Yeon Eunki သည် Park Jimin နှင့် ရန်ဖြစ်နေမည်ဖြစ်ပြီး....

Little World Where stories live. Discover now