(Vmin)
* မရောက်သေးဘူးးလားး ဂျီမင်! *
" ရောက်ပါပြီဟဲ့! ဘာလို့ လောနေတာလဲ မင်ဝူဂျီ! အဲ့တာကြောင့် ဟိုကောင်က နင့်ကို ပစ်သွားတာ "
* နင် တိတ်စမ်း!!! *
ပတ်ဂျီမင် တစ်ယောက် လမ်းမပေါ် ပြေးလွှားရင်း တစ်ဖက်က အနွေးထည်ကို ကိုင်ထားကာ တစ်ဖက်မှလည်း ဖုန်းကို နားနားကပ်ထားရင်း ပါးစပ်မှလည်း မနားတမ်း ပြောနေသည်။
ယနေ့ သူငယ်ချင်းက မဖြစ်မနေ အကူအညီတောင်းထားမှန်း သိတာတောင် ပတ်ဂျီမင်မှာ ညတုန်းက ဒရာမာ ကြည့်များသွား၍ မနက် မထနိုင်ဘဲ ယခုမှ ခွေးပြေးဝက်ပြေး ပြေးနေရသည်။
အရမ်းနောက်ကျတာ မဟုတ်ပေမယ့်လည်း ဖုန်းဆက်ကာ ပွစိပွစိလုပ်နေတဲ့ ငယ်ပေါင်း သူငယ်ချင်းကြောင့် ဘာမှတောင် များများစားစား ပြင်ဆင်ချိန် မရ... ယုတ်စွအဆုံး ဖုန်းတောင် အားမသွင်းလာ။
" Blockbuster Café မဟုတ်လားးး "
* အေးး ဟုတ်တယ် ဝင်သွားပြီး အခြေအနေ ကြည့်ခဲ့ *
ဖုန်းထဲမှ သူငယ်ချင်းဖြစ်သူ၏ စကားကြောင့် ဂျီမင်မှာ ဆိုင်ထဲသို့ ဝင်သွားကာ တစ်ဆိုင်လုံးကို အကဲခတ်ကြည့်လိုက်သည်။ ထို့နောက်တော့ မိန်းကလေးတစ်ယောက်နှင့် စကားပြောနေသော မင်ဝူဂျီ၏ ကောင်လေးဟု ထင်ရသူကို တွေ့လိုက်ရသည်။
" တွေ့ပြီ ဝူဂျီ! နင်ကြားထားတဲ့ သတင်းက အမှန်ဘဲ... အဲ့ကောင်က ရည်းစားရှိရှိကြီးနဲ့ Blind date လုပ်နေတာ "
* ဟုတ်ရဲ့လား ဂျီမင်ရယ်... ကိုကိုလို့လား? သေချာကြည့်ပါဦး *
ငိုသံကြီး နှောနေသည့် အသံနှင့် ပြောလာပါသော် ဝူဂျီ...
" မယုံရင် နင်လာကြည့်ပါလား ဟုတ်ပါတယ်ဆို! "
ဆောင့်ဆောင့်အောင့်အောင့် ပြောရင်း ဝူဂျီ၏ ကောင်လေးအား ရှင်းရှင်းလင်းလင်း မြင်ရသော နေရာကို ဂျီမင် ရွေးထိုင်လိုက်သည်။
* အမေက အိမ်ထဲက ပေးမထွက်လို့နော်! မဟုတ်ရင် နင့်ကိုတောင် ဒီလို မကူညီခိုင်းဘူးး *
ဝူဂျီစကားကြောင့် ဂျီမင်မှာ နှာခေါင်းရှုံလိုက်သည်။ အိမ်ကဖြင့် မပိုင်သေးဘူးးး ရည်းစားက ထားချင်နေပြီ။ ထို့ပြင် ထိုရည်းစားကလည်း ဖြစ်သေးတာ တစ်ပတ်တောင် မပြည့်သေးဘူးးး