No Matter Who!

1.3K 62 7
                                    

(Jin)

OT Open

Kim Seokjin ကို ကြိုက်တဲ့လူနဲ့ Ship နိုင်တဲ့ Fic အမျိုးအစားပါ... သို့ပေမယ့် Member တွေထဲကဘဲ Ship စေချင်တာကြောင့် ယောကျာ်းလေး Character နဲ့ဘဲ ရေးထားပါတယ်...

--------

Bar တစ်ခုတွင်~~

" ဟိတ်! ချာတိတ် ကိုယ့်အရက်တွေ ဘာလို့ယူသောက်နေတာလဲ... "

Seokjin တစ်ယောက် Toilet က ပြန်လာရာမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူမေးလိုက်မိသည်။ ထိုသကောင့်သားက သူ့ကို ရှိတယ်တောင် မထင်... စျေးကြီးပေ့ ဆိုသော Whiskey ကို တဂွတ်ဂွတ်မော့ချနေသည်...

" ချာတိတ်! ကိုယ်မေးနေတယ်လေ... "

လှည့်တောင် ကြည့်မလာတာကြောင့် အနားသွားထိုင်ကာ ကပ်မေးလိုက်သည်။ ထိုအခါမှ အရက်အရှိန်ကြောင့် မှေးစင်းနေသော မျက်လုံးအစုံနှင့် ကြည့်လာပြီး...

" သောက်တော့ -ီး ဖြစ်လား "

ဂရုမစိုက်သည့်ဟန်နှင့် ခပ်ချေချေပြန်ဖြေတော့ Seokjin နှုတ်ခမ်းပါးတစ်ဖက် တွန့်ကွေးရုံ ပြုံးလိုက်သည်။ ဒီပေါက်စက အခု ဘယ်သူ့ကို လာစမ်းနေတာလဲ...

" နောက်တစ်ခု... ငါ့နာမည် ချာတိတ်မဟုတ်ဘူး... "

ပြောပြီးတာနှင့် ပြန်လှည့်သွားကာ သူ့အရက်ကို စိတ်ကြိုက်မော့နေသော ပေါက်စကို Seokjin တို့ စိတ်ဝင်စားသွားလေပြီ... လွယ်လွယ်နဲ့ မရတဲ့အရာတွေက သဘောကျဖို့ ကောင်းတယ်လေ...

" ဒါဆို မင်းနာမည် ဘယ်လိုခေါ်လဲ... "

" -ီးမို့ ပြောပြရမှာလား... ရုပ်ကိုက မွှန်နေတဲ့ ပုံနဲ့ "

ပုံမှန် အချိန်တွေဆို ဒီစကားဟာ အရမ်းဒေါသထွက်စရာကောင်းပေမယ့် Seokjin ကလည်း နည်းနည်းသောက်ထားတာကြောင့် ထိုပေါက်စရဲ့ စကားတွေဟာ နားထဲ သိပ်မဝင်...

" ဒီမှာ ချာတိတ် ကိုယ် မင်းထက် အသက်အများကြီး ကြီးတယ်နော်... စကား ဆင်ခြင်ပြော "

ဒါကတော့ ထပ်မလွန်လာစေရန် သူလှန့်လိုက်ခြင်း...

" ကြောက်ရမှာလား... တစ်ယောက်တည်း နေချင်လို့ ဟိုဘက်သွားစမ်းပါ... "

Little World Where stories live. Discover now