(Jinmin)
" ကျွန်တော် ခင်ဗျားကို ပြန်မချစ်နိုင်ဘူး Kim Seokjin!!! "
ချစ်ရပါသော အသေးလေး၏ နှုတ်မှ ရက်စက်စွာ ထွက်လာပါသော စကားလုံးများ...
" Jimin-ah.... "
" ခင်ဗျား ကျွန်တော့်ကို ဆက်နှောင့်ယှက်နေဦးမယ်ဆိုရင် ကျွန်တော့်အဆိုး မဆိုနဲ့ "
ထွက်သွားသော ကောင်လေးနောက် Seokjin၏ ရင်ဘတ်ထဲမှ နာကျင်မှုများ ကပ်ပါသွားသည်ကို ထိုကောင်လေး မသိခဲ့..
ဘာမှားခဲ့လို့လဲ... အဆင်ပြေနေတဲ့ ဆက်ဆံရေးကြီးက ရုတ်တရက် အေးစက်သွားတာ... ဘာတွေက မှားသွားလို့လဲ...
ဘယ်လိုဘဲဖြစ်ဖြစ် မင်းကိုတော့ ကိုယ် လက်လွှတ်နိုင်မယ်မထင်ဘူး ကလေးးး
-----------------------------------
Jimin အိမ်သို့သာ တန်းတန်းမတ်မတ် ပြန်လာပြီး အိပ်ယာထဲတွင် စောင်ကို ခေါင်းထိဆွဲခြုံကာ နေနေမိသည်။ မျက်လုံးအိမ်နှစ်ဖက်တွင်လည်း မျက်ရည်များက အပြည့်... ပါးပြင်နှစ်ဖက်တွင်လည်း စိုရွဲလို့... နှာခေါင်းသေးသေးလေးကတောင် နီရဲနေပြီ။
" ကျွန်တော်က ခင်ဗျားအချစ်နဲ့ ထိုက်တန်တဲ့ကောင် မဟုတ်ဘူးးးး "
မျက်ရည်များကြားမှ ခပ်တိုးတိုး ရွတ်ဆိုမိသော စကား... ဘာလို့ သူမှလဲ... ဘာလို့ သူမှ ဒီလိုရွေးပြီးတော့... ကံမကောင်းတာလည်း တော်ရုံသင့်ရုံပေါ့... အခုလို ချစ်တဲ့သူနဲ့ပါ ဝေးရတဲ့အထိ...
" ခင်ဗျားကို ကျွန်တော်ချစ်တယ်... ဒါပေမယ့် ခင်ဗျားလည်း တစ်ချိန် အမှန်တရားကို သိပြီးရင် ထားခဲ့မှာ... အဲ့ချိန် ကျွန်တော်က ခင်ဗျားအတွက် အပိုလူ တစ်ယောက်သာသာဘဲ ဖြစ်နေတော့မှာ.."
ထိုသို့ ရောက်တတ်ရာရာ တွေးပြီး တစ်ကိုယ်တည်း ရေရွတ်ရင်း အိပ်မောကျသွားသည့် ကောင်လေး... လောကကြီးက သူ့အပေါ် တကယ်ဘဲ ရက်စက်ခဲ့လေသလားးး
လွန်ခဲ့သော ရက်အနည်းငယ်က...
ဒီနေ့ နေသာသည်... လူရှင်းသော Caféဆိုင်တစ်ခုတွင် ထိုင်ပြီး အပြင်ဘက်မှ လှုပ်ရှားသွားလာမှုများကို ကော်ဖီခါးခါး တစ်ခွက်နှင့် ခံစားနေမိသည်။ ကံမကောင်းတတ်သော သူ့အဖို့ ဒီတစ်ခါတော့ လောကကြီးက မျက်နှာသာပေးခဲ့ပြီလေ...