Beauty and Dimple

1.1K 52 4
                                    

(Namhope)

" Namjoon shii တကယ် တောင်းပန်ပါတယ်ဗျာ... Model က ဒီနေ့မှ တကယ်နေမကောင်းဘူး ဆိုလို့ပါ... "

" အာ... ရပါတယ်ဗျာ... အဆင်ပြေပါတယ် "

သူ့နာမည်က Kim Namjoon... အပျော်တမ်းဓာတ်ပုံဆရာ တစ်ယောက်... သို့ပေမယ့်လည်း SNS မှာ သဘာဝတရားရဲ့ နှစ်လိုဖွယ်ပုံတွေကြောင့် နာမည်ကြီးသည်ဟု ဆိုရမည်...

RM ဟူသော နာမည်ဖြင့်သာ active ဖြစ်ပြီး လူလုံးထွက်မပြတာကြောင့် အလုပ်တူတူ တွဲလုပ်ဖူးတဲ့ Owner တွေကလွဲလျှင် သူ့ကို မသိကြ...

Nature Look တွေဘဲ ရိုက်လေ့ရှိတဲ့ သူ့အဖို့ ဒီလို Cover Shooting မျိုးက Challenge တစ်ခုပင်... သို့ပေမယ့် ကံကောင်းသည်လား ကံဆိုးသည်လား... ရိုက်မယ့် Model မလေး က နေမကောင်း...

" ဟူးးးး "

Namjoon သက်ပြင်းသာ ချလိုက်ပြီး သူ့ရဲ့ မြတ်နိုးရာ Camera လေးကို သိမ်းနေလိုက်သည်။ သူကိုက သဘာဝတရားနဲ့ဘဲ တည့်တာပါလေ... ဒီလို လူသားတွေ လုပ်ယူထားတဲ့ အရာတွေနဲ့ မတည့်...

" Namjoon Shii!!! ခဏလေး!!! ခဏလေး!!! "

အမောတကောနှင့် ပြေးလာသော Shooting Manager ကြောင့် သိမ်းလက်စ Camera ကို အိတ်ထဲမထည့်သေးဘဲ စောင့်နေလိုက်သည်။

" ဘာဖြစ်လို့လဲခဗျ "

" ဟိုလေ... ပြောရမှာ အားနာပေမယ့်ဗျာ Model လုပ်မယ့်သူက လာပြီဗျ... အဲ့တာ Shooting မနားတော့ဘဲ ဆက်ရိုက်မလို့... "

Manager စကားကြောင့် Namjoon မျက်မှောင်ကြုံသွားမိသည်...

" ဘာလဲ... နေမကောင်းဘူးဆိုတဲ့ Model က ဗြုန်းစားကြီး နေပြန်ကောင်းလာတာလား! "

" မဟုတ်ပါဘူးဗျာ... အဲ့ဒီကောင်မလေး မဟုတ်ပါဘူး... အခုက အစားထိုးတစ်ယောက်ပါ... ဒီ Shooting Cover က ကျွန်တော်တို့အတွက် အရေးကြီးတယ်လေ...
-
သိတဲ့အတိုင်း ခင်ဗျားလို နာမည်ကြီး ဓာတ်ပုံဆရာကိုလည်း ငှားထားတယ်... Setting တွေကလည်း အဆင်သင့်ဖြစ်နေပြီ... ဒါကြောင့် Cancel ဖို့အတွက် အရင်းနှီးကြီးလို့ပါ... "

ပြိုတော့မည့်မိုးလို ဖြစ်နေသော Manager မျက်နှာထားကြောင့် Namjoon ခေါင်းငြိမ့်လိုက်မိသည်။ စိတ်ရှုပ်သွားတာတော့ အမှန်...

Little World Where stories live. Discover now