(Hopekook)
Jeon Jungkook
ပထမဆုံး တက္ကသိုလ် တက်မည့်ရက်မို့ လှုပ်ရှားနေသည့် စိတ်အစဥ်ကို လေပူတစ်ချက် မှုတ်ထုတ်ကာ ပြေလျော့စေသည်... ပတ်ဝန်းကျင်တွင်လည်း သူသူငါငါ သွားလာနေသည်က ပျားပန်းခတ်တမျှ...
အထက်တန်း နောက်ဆုံးနှစ် အထိ စော်ကြည်ခဲ့သော သူ့အဖို့မှာတော့ စီနီယာမမတွေ အပြင် ရွယ်တူ ကောင်မလေးတွေ၏ လည်ပြန်အကြည့်တွေကို ရရှိထားလေသည်...
ယခုမှ ကျောင်းဝန်းထဲ လှည့်ပတ် ကြည့်နေတုန်းမို့ လူက တစ်ယောက်တည်း... အထက်တန်းတုန်းက ပေါင်းခဲ့တဲ့ ကောင်တွေကလည်း ခွေးကျဝက်ကျ ရှုံးလို့ တက္ကသိုလ်ထိ ပါမလာ...
သူတောင် အောင်မှတ်လေးနဲ့ ကပ်တက်လာလို့သာ ယခုကဲ့သို့ တက္ကသိုလ်တွင် ရှိုးထုတ်လို့ ရနေခြင်း... သို့ပေမယ့် စိတ်မပူ... မနေ့ညကတည်းက အသိ အကိုတစ်ယောက်ကို ဆက်သွယ်ထားသည်မို့...
ထို အကို ကိုသာ ရှာလို့တွေ့ရင် သူ မသိတာတွေလည်း ကောင်းကောင်းမေးလို့ ရမည့်အပြင် ထိုအကိုက တတိယနှစ်မို့ တက္ကသိုလ်မှာ ပေါင်းရသင်းရ လွယ်ကူလိမ့်မည်...
ထို့နောက်တော့ ဆံပင်ကို သပ်တင်လျက် ခန္ဓာကိုယ်ကို 360° လှည့်ကာ ရှာတော့ ပျိုမဒီတွေ၏ အကြည့်လှလှဆီက သူ့ဆီသို့ တန်းခနဲ... ဒီမှာလည်း ရည်းစားကို ထည်လည်တွဲဖြစ်ဦးမယ် ထင်ပါရဲ့...
" ဟေးးး ဂျွန်ဂျောင်ကု!!! "
အနောက်ဘက်မှ သူ့နာမည် ကြား၍ လှည့်ကြည့်လိုက်တော့ သူရှာနေသည့် အကို ကို တွေ့သည်... လက်ကို အားရပါးရ ဝှေ့ယမ်းပြကာ သူ့ဆီကို ပြေးလာတာကြောင့် သူလည်း ပြန်လည် ဝှေ့ယမ်းရင်း...
" အကို ထယ်ယောင်း!!! "
" အားးး မင်းကိုတော့ အများကြီး မရှာလိုက်ရဘူးကွာ... လူအများကြား ထဲမှာတောင် အရောင်တွေ ထွက်ပြီး ရှင်းလင်းထင်းနေတာဘဲ... "
အနားရောက်သည်နှင့် ချီးမွမ်းခန်း ဖွင့်ပါသော ထယ်ယောင်းကြောင့် ဂျောင်ကုမှာ ဂုတ်ပိုးကို ပြုံးပြုံးကြီး လုပ်ကာ ပွတ်လိုက်သည်... အမှန်အတိုင်း ဝန်ခံရရင် သူချောတာတော့ သူသိပါသည်...