(Taegi)
" YOONGI HYUNG!!!!!! မပြီးသေးဘူးလားးးး နောက်ကျနေပြီလို့!!!!!! "
" အော်... Kim Taehyungရဲ့ ... ပြီးပြီဟ ဘာလို့ ဒီလောက်အော်နေရတာလဲ... "
လှေကားရင်းတွင် ခုန်ဆွခုန်ဆွလုပ်ကာ အသံဗြဲကြီး နှင့် ဟစ်နေသော ကောင်လေးကို Min Yoongi အနည်းငယ် မာန်လိုက်လေသည်။ ထိုအခါမှ နှုတ်ခမ်းလေးက ရှေ့သို့ ထွက်လာကာ...
" ညစျေးက ဒီအချိန်မှ လှတာကို... Hyung က ကြာနေတော့ ဘယ်လိုလုပ်မလဲ... "
" ဒါဆိုလည်း လမ်းမလျှောက်ဘဲ Taxi စီးသွားလိုက်ပေါ့ ဘယ်လိုဖြစ်... "
အနားကိုရောက်တော့ သူ့ထက် ခေါင်းတစ်လုံးစာလောက် ပိုမြင့်နေပါသော် ကောင်ငယ်လေး၏ ပုခုံးကို မမှီမကမ်းလှမ်းဖက်ကာ ပြောလိုက်သည်။ ကောင်ငယ်လေးက ကျေနပ်သည့်သဘောနှင့် ပြုံးစစလုပ်ကာ ခေါင်းငြိမ့်လျက်...
" အဲ့ဒါပေါ့... အစကတည်းက Taxi ဘဲ စီးပါမယ်ဆို Hyung ဘဲလမ်းလျှောက်မယ် တကဲကဲလုပ်နေပြီးတော့... "
Taehyung တို့ အခွင့်အရေးရတုန်းလေး Yoongi ကို ပိုပိုသာသာ ပြောလိုက်သည်။ ဒီလိုပြန်ပြောရဖို့ အချိန်အခါဆိုတာ ရှားလွန်းတယ်မဟုတ်လားးး
" အော်ဟော့ မင်းက ငါ့ကို ပြန်ပြောနေတာပေါ့လေ... တော်ပြီ မသွားတော့ဘူး "
စနောက်ပြောကာ ပုခုံးပေါ်တင်ထားတဲ့ လက်ကို ဖြုတ်ချရင်း... ပြန်လှည့်ဖို့ ပြင်နေတဲ့ Hyung ရဲ့ လက်ကို Taehyung တို့ အမိအရလိုက်ဆွဲရပြန်သည်။
" ဟဲဟဲ... စတာပါ... Hyung ကလည်းးး လာပါ... သွားရအောင် နောက်ကျနေပါပြီဆို "
စနောက်နေရ၍ ပြုံးဖြီးနေသော Yoongi မျက်နှာကို လျစ်လျူရှူလိုက်ပြီး Taxi စီးဖို့သာ ထွက်လာလိုက်သည်။ ကိုယ်က အရမ်းသွားချင်နေတော့လည်း သည်းခံရမှာပေါ့...
-----------------------------------
" Hyung~~ ဟိုဟာ စီးရအောင် "
" ဒါလေး ဝယ်ကျွေးးး "
" ဒီဟာရော... ဒီဟာရော... "
Taehyung ပြောသမျှ လိုက်လုပ်ပေးနေရပါသော Min Yoongi သည် Sugar Daddy လုံးလုံး ဖြစ်နေလေပြီ။ ဘာလို့များ ဒီကောင့်ကို ညစျေးသွားမယ်ဆိုပြီး သူ ပြောလိုက်မိပါလိမ့်...