(Jinkook)
Seokjin pov-
လမ်းမီးတွေသာ ရှိသော လမ်းကြိုလမ်းကြားထဲက နေရာတွေထဲ ဆော့ဂျင် တစ်ယောက် အသက်ရှုရပ်မတတ် ပြေးနေရသည်။ အကြောင်းသည်က သူ့ကို အသားကုန်လိုက်နေသော ကြေးစားလူသတ်သမားတွေကြောင့်...
ကြေးစားတွေလိုက်နေတယ် ဆိုလို့ မကောင်းတာ လုပ်တဲ့လူဟု မထင်စေလို... သူက ဖြူဖြူစင်စင်နှင့် တရားမဝင် Hacker လေးရယ်... တစ်ဖက်က အချက်အလက်တွေကို ခိုးပြီး နောက်တစ်ဖက်ကို ရောင်းစားရုံလေးဘဲ...
ယခုဖြစ်ပျက်နေသည့် ပြသာနာကတော့ ကုပ္မဏီတစ်ခု၏ ငွေအလွဲသုံးစား လုပ်မှုလေးတွေကို အဲ့ဒီကုပ္မဏီရဲ့ ပြိုင်ဖက်ကို ရောင်းပေးလိုက်ရုံဘဲ... သူ့ဟာသူ ဒေဝါလီ ခံရတော့မတတ် ဖြစ်သွားတာတော့ သူနဲ့မဆိုင်ဘူးပေါ့...
" အဲ့ဂျပိုးကို မှီအောင်လိုက်စမ်း! မိလို့ကတော့ အသားကင် လုပ်စားပစ်မယ်!!! "
သူ့နောက်လိုက်လာသော လူ 3 ယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန် တူသော တစ်ယောက်က ပြောသောစကား... ထိုစကားကို ကြားပြီးပြီးချင်း လည်ပင်းယားလာသဖြင့် ခေါင်းလေးပါ အော်တိုမစ်တစ် ပုဝင်သွားသေးသည်...
ဒီလိုဆိုတော့ မဖြစ်... ပြေးဘဲပြေးနေရင် တစ်ကွေ့မဟုတ် တစ်ကွေ့တော့ မိမှာမို့ တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ရုပ်ရှင်ထဲကလို သိုင်းကွက်တွေ ထုတ်ပြလိုက်ချင်ပေမယ့် သူမတတ်တော့ ခက်သည်လေ...
စက်တပ်ထားသလို ပြေးနေသော ခြေထောက်တွေနှင့် ဆော့ဂျင်မှာ ဟိုကြည့်ဒီကြည့် အကြံထုတ်နေစဥ်မှာပင် သူ့မြင်ကွင်းထဲ ဝင်လာသော အလင်းရောင်စူးစူးနှင့် ဆိုင်ကယ်တစ်စီးကြောင့် သူ့မှာ ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါတွေ ထွက်လာရသည်။
အတွေးနဲ့အတူ ထိုဆိုင်ကယ်ရှေ့ ပိတ်ရပ်တော့ ဆိုင်ကယ်မောင်းသည့်လူက ဆိုင်ကယ်ကို အလောတကြီး ရပ်လိုက်ကာ ဆိုင်ကယ်ဦးထုပ်ကို ဟန်ပါပါ ဆွဲချွတ်လိုက်ရင်း...
" ဟေ့လူ! ခင်ဗျား ရူးနေလား? ဒါဆိုင်ကယ်ဗျ တိုက်ရင် သေတတ်တယ်!!! "
ထိုကောင်လေး၏ စကားတွေကို ဆော့ဂျင်မှာ ဂရုမစိုက်အား... သူ့အသက်ဘေးက လွတ်မြှောက်စေရန်အတွက် ခဏကတည်းက အစီအစဥ်ချထားသည့် အကြံဉာဏ်အား ထိုကောင်လေးကို ပြောပြတော့သည်...
![](https://img.wattpad.com/cover/275212248-288-k698859.jpg)