(Namji)
"မင်လေးရေ....မြန်မြန်လေးးးးးနောက်ကျတော့မယ် "
" လာပါပြီ...Hyung ရဲ့ ခဏလေးးးကို "
အကောင်ပေါက်လေး၏ ခဏလေးသည် ၁၅ မိနစ်လောက် ကြာချေပြီ။ လူက ကားပေါ်ရောက်နေပြီ... သူက ခုထိ အိမ်ပေါ်က ဆင်းမလာသေးးး။အိမ်ထဲက ခြေသံကြားတော့မှ ကားလေးကို ခြံပြင် ဖြေးဖြေးလေး မောင်းထုတ်ခဲ့သည်။
" ဟာ...! Hyung.. !!!! ခဏလေးလေ ပြန်လာခဲ့...!! "
အနောက်က ဒရောသောပါးနဲ့ ပြေးလိုက်လာတော့မှ ကားကို ရပ်ပေးလိုက်သည်။ ကားပေါ်တက်လာသည်နှင့် မျက်စောင်းလေး တစ်ချက်က ဒိုင်းခနဲ့။ချစ်စရာကောင်းသည်လေ...ပြုံးပြုံးကြီးနဲ့ ခံယူရုံပေါ့..။
" မင်လေးက ကြာနေတာကို.."
ပြောတော့ သူ မဟုတ်သည့်အတိုင်း ပြန်ရီပြသည်။ ယခုသည် မဂ်လာသက်တမ်း တစ်နှစ်ကျော်ကျော်လောက်ကြာမှ ပင်လယ်သွားချင်သည် ဆိုသော အကောင်ပေါက်ကြောင့် ဂျယ်ဂျူကျွန်းသို့ ထွက်လာခြင်း။
မထွက်လာလည်း မရ... ကြာလျှင် နှစ်ယောက်လုံး အလုပ်ပုံထဲမာ ခေါင်းနှစ်၍ မွန်းကြပ်နေရမည့် ကိန်း...။ ထို့ကြောင့် နှစ်ယောက်သား ခွင့်ယူ၍ အပန်းဖြေမည့်ဟု ဆိုကာ ဆုံးဖြတ်လိုက်ကြသည်လေ...။
.............................
" အိပ်ရင် အိပ်လိုက်လေ.. ကိုယ် ဟိုရောက်ရင် နှိုးပေးမယ် "
ခရီး တစ်ဝက်ကျိုးတော့ ကောင်ငယ်လေးက ပျင်းနေပြီထင်..။ တစ်ဝါးဝါး သန်းလို့..။
" ဟင်းအင့် ရပါတယ် ကျွန်တော် မအိပ်ချင်ဘူး "
" အင်း သဘော "
ကောင်လေးဘက်ကို စောင်းငဲ့ပြောနေရာမှ ကားကိုသာ ဂရုတစိုက် ပြန်မောင်းလိုက်သည်။ မည်မျှပင်မကြာ ပေါက်စလေးကို ပြန်ကြည့်တော့ ကားကူရှင်ကို ခေါင်းမှီထားကာ အိပ်ပျော်နေပြီ။
ကားပြတင်းပေါက်မှ လေတဖြူးဖြူးနှင့် နေရောင်ခြည်လေးတို့က မျက်နှာနုနုလေးကို ကြည်စယ်နေသယောင်... သူ အမြန်ပင် မောင်းနေသောနှုန်းကို ကြည့်လိုက်သည်...သိပ်ပြီးလည်း မြန်မနေ...