Party Time

978 39 0
                                    

(Namjin,Taekook,Yoonmin,Sope)

" Hyung... ဟိုရောက်ရင် မူးအောင် မသောက်ပါဘူးလို့ ကျွန်တော့်ကို ကတိပေးးး "

Namjoon စကားကြောင့် Seokjin စုတ်သပ်လိုက်သည်။ Party သွားပါတယ် ဆိုမှ မူးအောင်မသောက်ရင် ဘယ်ပျော်စရာ ကောင်းမလဲ... သို့ပေမယ့်လည်း သေချာ စိုက်ကြည့်နေတာကြောင့်...

" ပြီးရောကွာ... ဆင်းလို့ရပြီမလားးး "

ဆူဆူပုတ်ပုတ်နှင့် ပြန်ဖြေလာသော Seokjin ၏ ဆံပင်လေးကို ထိုးဖွပြီး Namjoon ခေါင်းငြိမ့်ပြလိုက်သည်... မူးအောင် သောက်ရင် မနက်ကျ ထမနိုင်မှာစိုး၍ ပေးမသောက်ရခြင်း...

ဒါကို မ​​ကျေနပ်တဲ့ Hyungပိစိလေးကတော့ နှုတ်ခမ်းတစ်တောင်လောက် ထော်ကာ ကားပေါ်က ဆင်းသွားလေပြီ... ယနေ့သည် သူတို့၏ သူငယ်ချင်းဖြစ်သော Yoongi နှင့် Hoseok တို့၏ မဂ်လာသက်တမ်း တစ်နှစ်ပြည့်...

" ဟာ... Seokjin Hyung နောက်ကျလိုက်တာဗျာ "

အိမ်ထဲဝင်သွားသည်နှင့် Hoseok က ပုခုံးဖက်ကာ ကြိုသည်... ဒီကောင့် ကြည့်ရတာ တော်တော်ရွှင်နေပုံဘဲ... Min Yoongi က အလိုလိုက်ထားပုံ ရသည်

" နောက်ကျဆို မင်းအချစ်​တော် သူငယ်ချင်းကြီးက ရစ်နေလို့ဟေ... ဘာလဲ Party လာပါတယ်ဆိုမှ မူးအောင် မသောက်ရဘူးလေး ဘာလေးနဲ့... "

ပွစိပွစိပြောကာ အိမ်ထဲသို့ ဆောင့်ကြီးအောင့်ကြီး ဝင်သွားသော Seokjin ကြောင့် Hoseok မှာ ပြူးပြူးလေး... ထို့နောက် ပြုံးစိစိနှင့် ဝင်လာပါသော Kim Namjoon ကိုတွေ့၍ အနားသွားလိုက်ကာ...

" ဟေ့ကောင် Namjoon... မင်းနဲ့ Jin Hyung နဲ့ ရန်ဖြစ်ထားပြန်ပြီလားးး "

Namjoon က ပါးပေါ်က အပြုံးမပျောက်သေးဘဲ ခေါင်းခါကာ...

" မဟုတ်တာကွာ... လာတဲ့လမ်းမှာ လိုချင်တာ မရလာလို့ ကောက်နေတာ... ဒီရောက်တော့ ငါက မူးအောင်မသောက်နဲ့လို့ ပြောလိုက်လို့ ပိုကောက်သွားတာ... "

" အော်... မင့်မလဲ အသက်ပိုကြီးတဲ့ သူကို ချစ်သူတော်ထားလို့ ချွဲနေမလား မှတ်ပါတယ်... မင်းကဘဲ ကလေးပြန်ထိန်းနေရတာဘဲ... "

" မင်းလည်း Yoongi Hyung ကို လုံးဝအလိုလိုက်ထားတာ မလားးးး တူတူဘဲကို ကပ်မဖဲ့နဲ့ "

Little World Where stories live. Discover now