(Taejin)
Seoul မြို့၏ အမြန်လမ်းမကြီးပေါ်တွင် အရှိန်ပြင်းစွာမောင်းနှင်နေသော အနီရောင် ပြိုင်ကားလေးတစ်စီး...လူခြေတိတ်ချိန်ဖြစ်သည့်အတွက် လမ်းတစ်ခုလုံးတွင် ထိုကားလေး အပါအဝင်မှ သုံး-လေးစီးလောက်သာ ရှိသည်။
ကားထဲတွင်တော့ LoverSetတွင် ထိုင်ခုံပေါ်ခေါင်းလှန်ချကာ မူးပြီး အိပ်ပျော်နေသော ကောင်လေးနှင့် အိမ်ကိုသာ အမြန်ပြန်ရောက်ချင်နေသော DriverSetနေရာက ကောင်လေး...
" AhhShi... အိမ်ရောက်ရင် နားညီးရဦးမယ်... "
ရုတ်တရက် မောင်းသူနေရာက ကောင်လေးက အပူအပင်ကင်းမဲ့စွာ အိပ်ပျော်နေသော ကောင်လေးကို စောင်းငဲ့ကြည့်ပြီး စိတ်မချမ်းမြေ့စွာ ရေရွတ်မိသည်။
" အင်းးးး Seok-Seokjin... H-Hyung~~~~ "
သူ့အကြောင်းပြောတာကို သိနေသည့်အတိုင်း ထိုကောင်လေးက လွန့်လူးလာကာ အသံရှည်လေးပါ ဆွဲခေါ်လာသည်။
" အင်းးး TaeTae အိပ်အိပ်... Hyung ရှိတယ်... Hyung ဘေးမှာ ရှိတယ်နော်... "
ကားကို လမ်းဘေးထိုးချလိုက်ကာ Taehyung အိပ်ရလွယ်စေရန်အတွက် ခုံကို လှန်ချပေးလိုက်သည်။ ထိုအခါမှ Taehyung က Seokjin ၏ လက်တစ်ဖက်ကို ဆွဲကိုင်ကာ ကွေးကွေးလေး ပြန်အိပ်နေတော့သည်။
" ဒါလား... ခဏက အကြပ်ကိုင်ပြီး အဖြေတောင်းနေတဲ့ ကောင်လေးက... "
Seokjin ချစ်စနိုးနှင့် ထိုကောင်လေး လက်ကို ပုတ်ပေးကာ ကားကို လက်တစ်ဖက်တည်းနှင့် အမြန်မောင်းထွက်လိုက်သည်။ အချိန်က တော်တော်လေး နောက်ကျနေပြီလေ...
Flash back ~~~
" ကျွန်တော်က အရမ်းဆိုးနေလို့လားးး Hyung ရာ... ကျွန်တော် ဘာတွေများးး အမှား လုပ်မိလို့လဲ... "
နည်းနည်းလေးသာ ပြင်းသည့် Redberry Wine ကို ပုလင်းတစ်ဝက်ကျိုးအောင် မော့ထားပါသော် Taehyung က Seokjin ကို ကြည့်ရင်း မကျေမနပ်နှင့် ရင်ဖွင့်နေပြန်သည်။
" မဟုတ်ပါဘူး... TaeTae ရယ်... မင်းက မဆိုးပါဘူးးး "
Seokjin ကတော့ ကားမောင်းရမည့်သူ ဖြစ်သည့်အတွက် မသောက်တော့ဘဲ အသီးတွေနှင့် အမြည်းသာ ထိုင်စားနေလိုက်သည်။