(Jinkook)
" ကိုကို မောင့်ကို သဝန်တိုအောင် မလုပ်နဲ့! "
" ဟောဗျာ!? ကိုယ်က ဘာလုပ်နေလို့လဲ မောင်ရဲ့ "
ကုတင်ပေါ်တွင် စောင်တစ်ပုံနှင့် လုံးကာနေသော Jungkook အား Seokjin မှာ ရင်ခွင်ထဲ ထည့်ကာ တင်းကြပ်စွာ ပွေ့ဖက်ထားသည်...
" အခု ကိုကိုက အလုပ်ပိတ်ရက်ကြီးကို ဘာလို့ အလုပ်သွားမှာလဲ ပြော! "
စောင်ထုပ်ကြားထဲက မော့ကြည့်ကာ နှုတ်ခမ်းတစ်တောင်လောက် ထော်ပြီး ပြောနေသော ပေါက်စအား Seokjin မဖြေပါ...
" ကိုကို! မောင်မေးနေတယ်လေကွာ.... "
အသံရှည်လေးဆွဲကာ စိတ်ဆိုးသလိုပြောတော့ Seokjin က ပါးလေး ထိုးပေးသည်... သဘောက နမ်းရင် ပြောပြမယ်ပေါ့... သို့သော် Jungkook ဆိုသည်မှာလည်း...
" ပြောပြမှ နမ်းမယ် "
" ဟားးးး အဆိုးလေးက အခုနောက်ပိုင်း လည်လာတာနော်... ပြောပါဦး ဘာတွေ စားလို့ ဒီလောက်တတ်လာတာလဲ "
စကားလမ်းကြောင်း လွှဲနေသော Seokjin အား Jungkook ဘုကြည့် ကြည့်လိုက်သည်... ကိုကိုက အလိုလိုက်ထားလို့ ဆိုးနေတာဘဲ...
" မပြောပြဘူးနော်... ရတယ်! နောက်မှ မောင်~~ ဆိုပြီး လာခေါ်ကြည့်! လက်သီးစာ ကျွေးမှာ "
ပြောလည်းပြောရင်း ဖက်ထားသော Seokjin လက်တွေကို ခွာကာ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော စောင်လုံးကြီးအား ကန်ထုတ်ပလိုက်သည်...
ထို့နောက်တော့ ကိုကို့အား မျက်စောင်းထိုးကာ နှာတစ်ချက် မှုတ်လိုက်ပြီး အခန်းပြင်သို့ ဆောင့်ဆောင့်အောင့်အောင့်နှင့် ထွက်လာလိုက်သည်... ချော့စမ်း ကိုကို
" မောင်! မောင်! မဟုတ်ဘူးလေ... ပြန်လာခဲ့! ကိုယ် ပြောပြပါ့မယ် "
သို့သော် Jungkook မှာ လှည့်တောင်မကြည့်... ကိုယ့်ကို ဒီလိုဘဲ ရက်စက်တော့မှာလား မောင်ရယ်... တွေးရင်းနဲ့တောင် မျက်ရည်က ကျချင်လာသလို...
ဒါပေမယ့် အခုချိန်က ဒရာမာ ခင်းနေရမည့် အချိန်မဟုတ်... ရစ်လုံးကောက်စိန်ကို အချိန်မနှောင်းခင် အရင်ချော့ရမည်...