(Namkook)
" ကိုကို ထတော့လေ..."
မနက်မိုးလင်းတာနှင့် အပြုံးချိုချိုလေးနှင့် နှိုးတတ်သောသူမ... ကျွန်တော့်အတွက်တော့ အထူးအဆန်းမဟုတ်သလို ကြည်နူးဖွယ်ရာ လည်း ဟုတ်မနေ...။ဦး သာဆိုရင် အနမ်းလေး တစ်ပွင့်နဲ့ အရင်နှိုးမှာ...
" Bae က အစောကြီး နိုးနေတာလား "
အိပ်ရာထဲမှ မထသေးဘဲ ကုတင်ကို တင်ပလွှဲ ထိုင်ထားသော သူမအား ကျွန်တော် မေးခွန်း ပြန်ထုတ်မိသည်။ ဦး သာဆိုရင် ကျွန်တော့် နဖူးကို မနာအောင် တောက်တော့မှာ...
" Bae က မနက်စာတောင် ပြင်ပြီးပြီ ကိုကိုရဲ့ "
သူမက အပြုံးလေးနှင့် ပြန်ဖြေသည်။ ဒါပေမယ့် ဘာလို့ အဲဒီအပြုံးက ဦးရဲ့ ပါးချိုင့်နက်နက် တွေလောက် မပြုစားနိုင်ရတာလဲ...
" အင်း... Bae အရင်သွားနှင့်... ကို လိုက်ဆင်း လာခဲ့မယ်..."
" သခင်လေး Jeon Jungkook ၏ သဘော အတိုင်း ကျွန်တော်မျိုးမ Bang Ami က လိုက်နာပါ့မယ်ရှင်... "
ကျွန်တော့်ကို စနောက်ကာ ထွက်သွားသော သူမသည် တကယ်ကို ချစ်စရာအတိ။ ချစ်တဲ့ သူကို စနောက်ရတာ ဘယ်လောက်ပျော်ဖို့ ကောင်းလဲ ကျွန်တော် သိသည်လေ... ကျွန်တော် ဆို ဦးကို အမြဲ စနောက်နေကျ...
အိပ်ရာမှ ကုန်းထကာ ရေချိုးခန်းထဲ ဝင်ပြီး မျက်နှာ သစ်မလို့ပြင်တော့ ဘေစင်ပေါ်တွင် တင်ထားသော သွားတိုက်ဆေးထည့်ထားသည့် သွားတိုက်တံကို ကြည့်ကာ ဦးကို သတိရမိပြန် သည်။ ဦးက ဒါတွေ အမြဲလုပ်ပေးနေကျ...
" နိုးနိုးချင်း ဦးကို သတိရတဲ့ ခံစားချက်ကလည်း တကယ် မသက်သာလိုက်တာ..."
------------------------------------------------------
" ကိုကို "
ထမင်းစားခန်းထဲ ရောက်သည်နှင့် အသင့်ထိုင် စောင့်နေသော သူမက အပြုံးလေးနဲ့ လှမ်းခေါ် သည်။ ဒါပေမယ့် သူမခေါ်သည့် ' ကိုကို ' ဆိုတဲ့ နာမ်စားထက် ဦးခေါ်တဲ့ ' ငယ် ' ဆိုတဲ့ နာမ်စား လေးကို ပိုနှစ်သက်မိတာ...
" ကြာလိုက်တာ ကိုကိုရယ်... ဟင်းတွေ အေးကုန်တော့မယ် "
စိတ်မရှည်သလိုနှင့် ဆူပုတ်ကာ သူမပြောတော့ ကျွန်တော် ပြုံးရပြန်သည်။ ကျွန်တော်ကိုယ်တိုင် သူမကို ရွေးချယ်ခဲ့တာလေ...