Part -1 (Unicode + Zawgyi)

7.7K 192 0
                                    

နှုတ်ခမ်းပေါ် ကျရောက်လာတဲ့ ထွေးထွေး အိ အိ နှုတ်ခမ်းတစ်စုံ......

အသက် ၂၅ နှစ် အထိ ဘယ်သူမှ မနမ်းဘူးသေးတဲ့ ကျွန်မ ရဲ့ First kiss ကို ယူသွားတာ က တော့ အရိုင်းတုံးလေး လို့ ကျွန်မ Nick name ပေးထားတဲ့ ခက်ဖူးဝေ။ ပထမဆုံး အနမ်းမို့ ရုတ်တရက် ကျွန်မ ကြောင် အ သွား ပင်မယ့် တစ်ဖက်က အရိုင်းတုံးလေး က တော့ နှုတ်ခမ်း ပေါ် ရောက်လာတဲ့ အနမ်းများကို မျက်လုံးလေး မှတ် ကာ စိမ်ပြေနပြေ သုံးဆောင်နေ လေ သည်။

"ဖူးဖူး ဘာလုပ်တာလဲ "

"ချစ်လို့ နမ်းတာ လေ အစ်မ ရဲ့ "

"ဖယ် ဒီ ခလေးမ တော့ တော်တော် မူးနေပြီ ထင်တယ်။ အိမ်သာထဲ ဝင်မယ် ဆိုလဲ ဝင် မဝင်ဘူး ဆိုလဲ အခန်းထဲ ဝင် ကြ မယ်။"

"အင်း... အခန်းထဲ ပြန်မယ်"

ဒီလို နဲ့ အမူးသမားလေး ကို ခေါ်ကာ staff party လုပ်ရာ Family karaoke အခန်းထဲ သို့ ပြန်ဝင်လာခဲ့ လိုက်တော့ သည် ။

ခုနက အိမ်သာထဲ က အဖြစ်အပျက် တွေကို သူမ မူးနေလို့ ဟု ဖြည့်တွေးရင်း ကိုယ့် ခံစားချက်တွေ ကို ငြင်းဆန် နေသော်လဲ ရင်ခုန်သံ တွေ ကိုတော့ လိမ်မရတော့တာ ကိုယ့်ကို သိနေတဲ့ ကျွန်မ မိုးဝသုန်နွယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဖူးကို အမြဲ အပြစ်မြင်နေတက်တဲ့ ဖူးရဲ့ စီနီယာ အစ်မ မိုးဝသုန်နွယ် ကို အမြင်ကပ် ပုဒ်မ နဲ့ staff party ည မှာ ဖက်နမ်း ပြစ်လိုက်တယ် ။
သူများတွေ နဲ့ ကျ အမြဲ သဘောကောင်းနေတက်တဲ့ မဝသုန် က ဖူး သူ့အနား ရောက်သွားရင် ရုပ်တည်ကြီးနဲ့ ပြောလက်စ စကားတောင်ဖြတ်ပြစ်လိုက်တက်တဲ့ သူ့ကို စိတ်ထဲ က တော့ သိပ်မကြည်ဘူး ။ ဒါပင်မယ့် ကိုယ့် စီနီယာ မို့ သာ အလိုက်အထိုက် နေ နေရတာ။

ဖူးကို လူ တိုင်းက ချောတယ် ပြောကြတယ်။ ဖူးကို လူတိုင်းက ခင်ချင် ချစ်ချင် ကြတယ်။ အထူးသဖြင့် ဖူးရဲ့ အမို့ အမောက် အကွေ့အကောက် တွေက ပုရိသ ယောကျ်ားတွေ အပေါ် ဆွဲဆောင်နိုင်လွန်းတယ် လို့ ပြော ကြတယ်။ မနာလို တဲ့ သူတွေ က တော့ ဖူးနောက်ကွယ် မှာ အမျိုးမျိုး ဖူးအတင်းတွေ ပြောကြ ပေမယ့် ဖူးက သိပ်ဂရုမစိုက်တက်ဘူး။ မှန်ပါတယ် သူတို့ ပြောသလို ပဲ ဖူးက ရည်းစားများတယ် ။ ဖူး အပျော်ရှာ ရင်း ရည်းစားတွေ အများကြီး ထား ဖူးသွား သော်လည်း ဖူး ရဲ့ တစ်ဦးထဲ သော မေမေ ယုံကြည်မှု ပျက်ရတဲ့ အထိ ဖူးမဆိုးခဲ့ဘူး။ အခုထိလဲ ဖူးရင်ထဲ က မြတ်မြတ်နိုးနိုး နဲ့ ချစ်ရတဲ့ သူဆို တာ ဖူးမှာ မရှိသေးဘူး။

My SeniorWhere stories live. Discover now