"ဖူး ည စာ စားခဲ့ပြီး ပြီ လား "
"စားရ သေးဘူး မရော"
"မစားရသေးဘူး"
"အတူတူ စားမယ် လေ မေ "
"အင်း.... ဖူး ပုန်းရည်ကြီး ကြိုက်လား "
"စားပါတယ် "
"အဲ့တာ ဆို ရေသွားချိုး "
"မေ ပုန်းရည်ကြီးထမင်း သုပ် ပေးမယ် "
"ဂွတ် အဲ့တာဆို ဖူး ရေသွားချိုး ပြီ နော် ရွှတ်"
ပြောလဲ ပြော ပါးလေး ကို တစ်ချက် နမ်းကာ ရေချိုးဖို့ ပြင်ရန် အခန်းထဲ သို့ ပြေးဝင်သွား သည် ။
ကျွန်မ လဲ ပြေးထွက်သွားတဲ့ သူမ ကို ရပ်ကြည့်နေရင်း ...
"မလွယ်ဘူး ဒါလေး နဲ့ တစ်အိမ် လုံး မှာ နှစ်ယောက်ထဲ နေရမှာ အိမ်းးးးးးးးး"
သက်ပြင်းတစ်ချက်ချ ရင်း မီးဖိုခန်းထဲ သို့ ချစ်ရသူ စားဖို့ ပုန်ရည်ကြီး ထမင်းသုပ်ပေးရန် ထွက်လာခဲ့ လိုက်သည် ။
"မ ဘာ ဝိုင်းကူပေးရ အုံးမလဲ "
မီးဖိုခန်း ထဲ ဝင်လာတဲ့ ဖူးဖူး က မေးလာတော့
"ပြီးပြီ ကြက်ဥနဲ့ ဝက်ဥချောင်းကြော်နေတာ ရော့ ဒီကြော် ပြီးသားပန်ကန် ပဲ အိမ်ရှေ့ သွားချထား ထမင်းသုပ် ပြီး လိုက်လာခဲ့မယ်။ ရုပ်ရှင်ကြည့်ရင်း ထမင်း စားကြတာပေါ့ "
"အိုးခေ အဲ့ဒါဆို ဒီပန်ကန်ယူ သွားပြီ။ မြန်မြန်လာ နောက်ကျ လို့ ဒါတွေ ကုန်သွားရင် ဖူးတာဝန်မယူဘူးနော် "
"ကုန်ရင် ဟင်း မပါပဲ စားရမယ်မှတ်ပါ။ သွား"
"ဟုတ်"
ဖူးဖူး ကို အိမ်ရှေ့ မှာ ပဲ စောင့်နေခိုင်း လိုက်သည် ။
နှစ်ယောက်စာ ပုန်းရည်ကြီး ထမင်းကို သုပ် လိုက်ပြီး တစ်ပန်ကန်ထဲ ပေါင်းထဲ့လိုက်သည် ။ ထို့နောက် ဖူးဖူး ရှိရာ ဧည့်ခန်း ထဲ သို့ ထွက်လာခဲ့ လိုက်သည်။
ထမင်း ပန်ကန် နဲ့ ဖူးဖူး ဘေး သို့ ဝင်ထိုင်လိုက် တော့
"ဖူးတွက် ပန်ကန်ရော"
"မလိုဖူးလေ ကျွန်မ ခွံမယ်လေ ။"
"မေ ခွံမှာလား "
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။