ပျော်ချင်လို့ ဒီကို လာပါတယ်ဆို တစ်ကယ် စိတ်ပင်ပန်းနေရပြီ ။ မက လည်း ဒီနေ့ ဘယ်လို စိတ်နဲ့ ဒီလို ဝတ်လာလည်း မသိဘူး နေေရာင် မထိ တဲ့ သူ့ပေါင်တန် ဖြူဖြူသွယ်သွယ်လေးတွေ က အရမ်း ကို လှလွန်းနေတယ် ။ ဝတ်ထားတဲ့ အနက်ရောင် ဂါဝန် တိုလေး အကြပ် လေး က မ ခန္ဓာကိုယ် ကောက်ကြောင်း လေး ကို ထင်ဟက် နေလေတယ်။ ဆေးမဆိုး ပင်ကိုယ် ဆံနွယ် လေးက မ လှုပ်ရှားလိုက်တိုင်း ဝေ့ယမ်းသွားနေတာ များ ပုရိသာ တွေ ဘယ် အသည်းခိုင် နိုင်မလဲ နော် ။ အားလုံးထဲ့ မှာ အဆိုးဆုံးက ကျော့ အကို ကိုရဲမာန် ။ အဲ့ ဘဲကြီး က စားနေကြကြောင်ပါးကြီး သူ လက်ထပ်ရမဲ့ အမျိုး သမီး ရှိနေတာ တောင် ပွေတာရှုပ်တာ မရပ်တန့်နိုင်ဘူး ။ အရင်က သူများ ကိစ္စ မို့ မသိချင်ယောင်ဆောင်နိုင်ပေမယ့် ဖူး ရဲ့ မ ကို လာထိ လို့က တော့ အဲ့ဘဲ ကြီး ပြာကျဖို့သာ ပြင်ထား။
အခု လဲ ကိုရဲမာန် အောက်ထပ်ဆင်း သွားပြန်ပြီ။ အရင် က ဆို အဆင်ပြေကြလား လို့ လာမေးပြီးတာ နဲ့ အောက်ထပ်မှာ မဟုတ်ရင် သူ့ အခန်းမှာ သူ့ဇယားတွေ နဲ့ နှပ်နေတက်တဲ့ ဘဲ က အခု ဖူးတို့ အခန်းထဲ ကို ဝင်လိုက်ထွက်လိုက် လုပ်နေတာ များ အကြောင်း အမျိုးမျိုး နဲ့ ကို ပဲ သက်သက် ကြီး မ ကို လိုက်ရော နေတာ ဖူး မြင်ရတာ အဆင်ပြေ မနေတော့ဘူး ။
"ဆိုင်နူး နင့် ဘဲ ကြီး ကို ခေါ်မလာဘူး လား" ရှိုင်းအာကာထက် (shine group က သားကြီး)
"ခေါ်ဘူး ရှုပ်တယ် သူငယ်ချင်းတွေ နဲ့ ပျော်ပျော်ပါးပါး ကဲး ချင်တာ"
"မိန်းမတွေ များ အမျိုးမျိုး မရခင်က ဖျာ လိုလိပ် ထိပ်ပေါ်တင် ။ ခုရပြီးတော့ ဖျာလိုခင်း နင်းချင်နေပြီ တွေ့လား ငရှိုင်း မိန်းမတွေ မကောင်းဘူး " စည်သူက ဝင်ဖောက်သည် ။
"မိန်းမတွေ မကောင်းရင် မင်းကိုပဲ ယူတော့မယ် သားကြီး ။ မင်းက ကောင်းမယ့်ပုံ " ရှိုင်းအာကာထက် က ပြောလဲ ပြော စည်သူ့ ခန္ဓာကိုယ် ကို ခေါင်းစ ခြေဆုံး တစ်ချက်ကြည့် ပြီး လျှာသပ်တဲ့ ပုံ လုပ်ပြလိုက်တော့ ။
"ဖလူးမ -ီး လား နင့် အစ်ကို ကို ထိန်း အုံး ဝတီ မ နင့် ၂မိနစ် ကြီးတဲ့ အစ်ကိုကြီးကို"
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။