Part-23 (Unicode + Zawgyi)

3.8K 142 23
                                    

ရုံး သွားဖို့ ထမင်း ချိုင့်ပြင်ရမယ် ဆို တဲ့ အသိက မနက် ကို နာရီ နှိုးစက် မမြည်းခင်း ပင် ကိုယ် အရင် နိုးလို့ နေသည် ။

မျက်လုံးပွင့်ပွင့် ချင်း ကျွန်မ ဘေးက ကောင်မလေး ကို ကြည့် လိုက်တော့ စောင်ပုံလေး ထဲ မှာ‌ ‌တစ်ကိုယ်လုံး မြုပ်ဝင်နေကာ အိပ်မောကျ နေသည် ။

အပြစ်ကင်စင်စွာ အိပ်ပျော်နေသည့် ကျွန်မ ကောင်မလေး နဖူးလေး ကို အနမ်းဖွဖွ လေး ပေးပြီး နောက် သူမ ရုံး ကို ထမင်းချိုင့် အမှီ ထည့်ပေးနိုင်ရန်နှင့် မနက်စာ အမှီ ပြင်ပေးရန် အိပ်ယာ မှ အမြန်ထ ကာ သူမ နိုးမည် ဆိုး၍ အခန်းတံကား ဖွဖွ လေး ဖွင့်၍ ချက်ပြုတ်ရန် မီးဖိုခန်းထဲ သို့ လျှောက်လာလိုက်တော့သည်။

နှစ်ယောက် မခွဲခင် အချိန် ထိ ကျွန်မ ကိုယ်တိုင် သူမ အတွက် ဆိုတာလေး တွေ ကို ဖြည့်ဆည်းပေးချင်မိတဲ့ စိတ်လေးပဲ ကျွန်မ နှလုံးသားထဲ လွှမ်း မိုးနေသည်။

"Morning မေ"

ချက်ပြုတ်နေတဲ့ ကျွန်မ ခါးလေး ကို နောက် က နေ သိုင်းဖက် ၍ ပခုံး ပေါ် ခေါင်းလေး တင်ထားကာ သူမ မျက်လုံးလေး တော့ မိတ်ထားစဲ

"Morning ကလေး "

ကျွန်မ ‌ပခုံးပေါ် ရောက် နေတဲ့ သူ ခေါင်းလေး ကို တစ်ချက် နမ်းလိုက်သည်။

"အခု ပဲ ချက်ပြီးရင် လာနှိုး မလို့ ကလေး က အရင် နိုးလားတယ် ။ သွား မျက်နှာ သစ်‌ ‌။ ရေ ပါတစ်ခါတည်း သွားချိုး လိုက်တော့ နော်"

"တီး.....တောင်"

"စောစော စီးစီး ဘယ်သူပါလိမ့် "

"ဖူး သွားဖွင့် လိုက်မယ်"

"နေနေ မေ သွားမယ် ။ "

တံကားမှန်ပြောင်း မှ အပြင် ကို  ကြည့်လိုက်တော့ အပြင် က ဖူးဖူး တို့ အိမ်က ဦးထွန်းသာ မို့ တံကားဖွင့်ပေးလိုက်သည် ။

လက်ထဲ မှာ လဲ လေးဆင့် ချိုင့် ကြီးရယ် အထုပ်တွေရယ်

"သမီး မိုး ဖူးဖူးလေး ရော နိုးပြီလား "

"နိုးပြီး ဦး‌လေး လက်ထဲ မှာ လဲ ချိုင့် ကြီးနဲ့ ဘာ‌တွေ လဲ  "

You've reached the end of published parts.

⏰ Last updated: Nov 13, 2021 ⏰

Add this story to your Library to get notified about new parts!

My SeniorWhere stories live. Discover now