Part-3 (Unicode + Zawgyi)

2K 121 0
                                    

မ နေတဲ့ တိုက်ရှေ့ရောက်တော့ မ နေတဲ့ ၃ လွှာ ကို တက်လာခဲ့သည် ။ အခန်းရှေ့ ရောက်တော့ လူခေါ် ခေါင်းလောင်း တီးရင်း အိပ်ချင်မူး နဲ့ ထွက်လာမယ့် မ ပုံစံလေး ကို တွေ့ချင်လွန်း နေမိ။

တံခါး ဖွင့်လာ တော့ ညဝတ် အကျီ ခဲရောင် လေး ဝတ်ဆင်ထားသည့် မ က နိုးနှင့် နေပြီ ဖြစ်ပုံရတယ် ။ သူဆံပင် ဂုတ်ထောက်ကို ဘီးကုတ်ဖြင့် လှန်တင်ထားသည် ။အိမ်မှာမို့ လား မသိ မျက်မှန် မပါ ဘာအဆက် အပျောက် မှ မရှိတဲ့ မ မျက်နှာလေး က ဖူးထက် ၅ နှစ်လောက် ကြီးနေပင်မယ့် တစ်ကယ့် ကလေး မျက်နှာလေး

"ဘယ်လိုရောက် လာတာလဲ။ လာအိမ်ထဲဝင် "

"မ အိမ်လာ လည်တာလေ။ နေ့လည် စာ အတွက်ပါ ဝယ်လာတယ် ။ အေးဆေး နေပြီး မှ ပြန်မယ်လေ ။ မ အားတယ်မှတ်လား ဒီနေ့ "

"ဘယ်မှ တော့ သွားစရာ မရှိပါဘူး ။ အခန်း ဘယ်လိုသိ "

"ဒီလို ပဲ မေးထားတာပေါ့ ။ ဒီ မုန့်ထုပ် တွေဘယ်မှာ ထားရမလဲ နေ့ခင်းစာ အတွက်ပါ ဝယ်လာတယ်။" သူမေး သမျှ ဖြေရင်း ဖူးကို ဧည့်ခန်း ထဲ က ခုံ မှာ ထိုင်ရန် နေရာ ပေးသည်။ ထို့နောက် လက်ထဲ က အထုပ်တွေ ကို မက ပြောင် ယူ ကာ ထမင်းစား ခန်းထဲ သို့ သွားထား ရန်ထွက်သွား သည့် မ ကို လိုက်ကြည့်နေမိ ကာ မ ရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ အိမ်နေရင် ပုံလေးကို စိတ်ထဲ မှာ အလွတ် မှတ်ထားနေမိသည်။

ဖူးလည်း မ အိမ် ကို တစ်ချက် မျက်လုံးဝေ့ ကြည့် ရင်း မ ဘွဲ့ယူတဲ့ မိသားစု ပုံထဲ မှာ မ မေမေ  မ ညီမ လေး ပုံ တွေ ကို ငေးကြည့် နေတုန်း

"ရော့ အမော ပြေ အအေး သောက် အုံး "

"ရတယ် မ မျက်နှာ မြင်ထဲ က အမောပြေ သွားပြီ "
"အဖူး မ က အပြောကောင်း နော် "

"ဟီးးးးးးးး"

"နေပါ အုံး ညဥ်က ဒီလောက် အတို လေး ဝတ်လာတာ ဘာနဲ့ လာတာလဲ "

"ကားနဲ့ လေ "

"ကားနဲ့ သိတာ ပေါ့ တစ်ယောက်ယောက် လိုက်ပို့တာ လား YBS နဲ့လား taxi နဲ့လား "

"Taxi နဲ့လာတာ "

"တစ်ယောက်ထဲ လာရင် အဲ့လို အတို အပြတ်တွေ မဝတ်နဲ့ အန္တရယ် ကို ဖိတ်ခေါ်နေသလိုပဲ ။ လုံလုံ ခြုံခြုံ ဝတ်ပါ ။ "

My SeniorWhere stories live. Discover now