မမ က မလာစဖူး ပြည့်ကို လာတွေ့တာ တစ်ခုခု ခိုင်းစရာရှိလို့လား ""ဟဟ သိနေတယ်ပေါ့ ရှင်က "
"အရင် က လမ်းသင့်တုန်းက တောင် မလာဖူးတဲ့ မ က အခု ပြည့်ဆီ တစ်ကူးတစ်က ရောက်လာတယ်ဆိုတော့ ဟီးးး"
"ပြည့်ပြည့် ဘာသောက်မလဲ မ သွားမှာမလို့ မ ဝယ်တိုက်မယ်"
ကျေးဇူး... ပျက်သုံးရက်သုံး မှာ ဒကာပေါ် တော့ ပျော်တာပေါ့ latte တစ်ခွက် forest cake ရယ် "
"အိုခေ ခဏ စောင့် သွားမှာ လိုက်အုံးမယ် "
"ဟုတ်"
စားစရာတွေ မှာ ပြီးပြန်လာတော့ ပြည့်ပြည့်ကို ဘယ်က နေ စပြောရမလဲ မသိ ဒီလို ကိစ္စ မှာ ပြည့်ပြည့်က အတွေ့အကြုံရှိတယ် ။ သူကိုယ်တိုင်လဲ les တစ်ယောက်မို့ တိုင်ပင်တဲ့အခါ သူက ပို နားလည်ပေးနိုင်မယ် ထင်လို့ သူကိုရင်ဖွင့်ရန် ဆုံးဖြတ်လိုက် သည် ။
"မ ပြည့်ကို တစ်ခုခု ပြောစရာရှိလို့လား ပြောနော်အားမနာနဲ့ "
"ပြေားစရာ ထက် တိုင်ပင်ချင်တာ ပြည်ရဲ့ "
"မ ရည်းစားစကား အပြောခံရလို့ "
"ဟာ အပျိုကြီး ကို ဘယ်သူများရင်ခုန်စေတာလဲ နော် " ကျွန်မ ကို စနေတုန် ဆိုင်ဝန်ထမ်း လေးက ကျွန်မ တို့ မှာထားတာ ကို လာချပေးသည် ။
"ရည်စားစကားလာပြောတာ မိန်ကလေး ဖြစ်နေလို့ ပြည့်ပြည့်နဲ့ တိုင်ပင်ချင်တာ "
"ဖူးဖူးလား "
"ဟင်... ဘယ်လိုသိ "
"Sense လေ ဟဲဟဲ "
"တယ်....ဒီခလေးမ က လာနောက်နေသေးတယ်"
"ဖူးဖူး မ ကို ကြည့်တဲ့ အကြည့်တွေ အပြုအမူတွေ က ညီမ တို့ချင်း သိတာပေါ့ လို့ "
"ထားပါ... မမ ဘာဆက်လုပ်ရမလဲ မသိတော့လို့
အခု လောလော ဆယ်တော့ စောင့်ကြည့် အုံးမယ် လို့ ပြောထားတယ်""မ သူ့ ကိုချစ်လား "
"သံယောဇဥ်ရှိပါတယ်။ သူအနားမှာ ရှိရင်ပျော်တယ် ။ သူနဲ့ပတ်သက်မှ သဝန်တိုတက်လာတယ်။ သူ လိုအင်တွေ ဖြည့်ဆည်းပေးချင်တယ် ။ ဒါကို အချစ်လို့ ခေါ် ဖို့ လုံလောက်တယ် ဆို မမ ဖူးဖူး ကို ချစ်နေပြီပေါ့ "
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။