Part-22 (Unicode+Zawgyi) 🖤

2.1K 117 13
                                    

ရုံးက အပြန် မေ က မနက် နှစ်ယောက်ထမင်း ချိုင့် အတွက် ရော ခု ညစာ အတွက် ပါ လိုတာ ဝယ်ချင်လို့ market place ဝင်ရ အောင်ဆို လို့ အတူတူ ဈေးဝယ် ခဲ့ လိုက်ကြတယ်။

ညစာ က မေမေ ကြော်လှော်ပေးခဲ့ တဲ့ ဟင်းတွေ လဲ အိမ်မှာ ရှိသေးတယ် ။ ဒါမှ မဟုတ်လဲ ရုံး က အပြန် အပြင်မှာ ဝယ်စားကြရအောင် လား ဆို လဲ မဟုတ်ပြန်ဘူး ။ သူကိုယ် တိုင် ချက် မှာ ပါတဲ့။ ပြောမရ တဲ့ အတူတူ သူတောင် အပင်ပန်းခံ နိုင်သေးတာ ဖူး လဲ စားပေးရမှာပေါ့ ။

"ဆိုဂျူး က ဘာလုပ် မို့လဲ "

"သောက် မလို့ လေ "

"ဒီညလား "

"အင်း လေ ကလေး က မသောက်ဘူးလား "

"သောက်မှာပေါ့ ဟီးးးးးး"

ဘာမှ ဆက်မပြောဘူး မျက်စောင်း တစ်ချက် ထိုးပြီး ဆိုဂျူးပုလင်း ကို ခြင်းထဲ ထည်း ကာ ဈေးဝယ် ခြင်းကို တွန်း ၍ ရှေ့က ထွက်သွားလေသည် ။

အိမ်ပြန်ရောက် တော့ ဝယ်လာတဲ့ အထုတ်တွေ ချ အဝတ်အစား လဲ မီးဖိုချောင် ထဲ ဝင်ကာ ချက်ပြုတ်နေတဲ့ မေ ။

ဝိုင်းကူရမလား လို့ မေးတော့လဲ မလို ဘူး ရေချိုး ပြီး အိမ်ရှေ့ မှာ ပဲ ထမင်းစားဖို့ စောင့်နေပါတဲ့ ။

ဖူးလဲ ဘာမှ အဒွန့် တက်မနေတော့ ပဲ သူမ စကား တသွေမတိမ်း နားထောင်လိုက်သည့် အတိုင်း အိမ်ရှေ့ မှာ ရုပ်ရှင် ကြည့်ရင်း ညစာ စားလို့ ရမည့် အချိန် ကို ထိုင်စောင့်နေလိုက်သည် ။

"ဖူးလေး ခဏ နော် မေ ရေမြန်မြန်ချိုးလိုက် ချင်လို့ ဗိုက် အရမ်းစာနေပြီလား "

"ဟင့်အင်း စာသေး ဘူး အေးဆေး"

"အိုခေ "

မစာသေးဘူးသာ ‌ပြောတာ မေ လှည့်ထွက် သွားမှ ဗိုက်ထဲ က ဂွီ ဆိုပဲ။ ဘာဖြစ်ဖြစ် ဗိုက်လေး ကို ချီးကျုးလိုက်တယ် မေ ရှေ့မှာ မအော်မိလို့ ။

"စားလို့ ရ ပါပြီ ထမင်းစား ခန်း ထဲ ကြွခဲ့ ပါတော့ မင်းသမီးလေး "

"ဘာတွေ လဲ မွှေးနေရော ကင်မ်ချီ အနံ့လဲ ရတယ် "

စားပွဲပေါ် ကြည့် လိုက်တော့ ဝက် ဆလက် ရယ် , ထမင်းလုံး ရယ် , ကြက်ဥလိပ်က ပါသေး , ကင်မ်ချီ ဟင်ရည် နဲ့ ပြီးတော့ ဆိုဂျူး ကိုရီးယား အစားစာတွေ ပါလား ။

My SeniorWhere stories live. Discover now