"Congratulations and Happy Birthday ဝသုန် ရော့ အစ်မ ရဲ့ မွေးနေ့လက်ဆောင် " ကျွန်မ တို့ ဌာနက မန်နေဂျာ အစ်က ပေးလာတာ ချယ်ရီဦး အိတ်လေး မို့ လက်ပတ် နာရီဆိုတာ ကျွန်မ အတက်သိလိုက်တယ်။
"ကျေးဇူး အစ်မ"
"Happy Birthday မ ဝသုန် ဒါက ရုံးက သူတွေပေါင်းပေးတာ"
"ဟာဘာတွေတုန်း အများကြီးပဲ ။ ပိုက်ဆံတွေကုန်ကြတော့မှာပဲ "
"Happy Birthday To You ...Happy Birthday To You... Happy Birthday Dear မ ဝသုန် Happy Birthday To you"
ကိတ်မုန့်ကိုင်ကာ ထွက်လာတဲ့ ဖူးဖူးကြောင့် ထပ် Suprise ဖြစ်ရပါတယ် အကုန် သေချာပြင်ဆင်ပေးထားကြတာ တစ်ကယ် ကို ကြည်နူးမိတယ်။
ကိတ်မုန့်ခွဲ စားပြီးတော့ ဖူးဖူး တို့က သူတို့ပေးတဲ့ လက်ဆောင် ချက်ချင်းဖွင့်ဖောက်ဆိုလို့ ဖွင့်ကြည့်လိုက်တော့ မနေ့ က တစ်နေကုန် ကျွန်မ အလုပ် လုပ်နေတဲ့ ပုံ၊ ကော်ဖီ ထ ဖျော်တဲ့ပုံ ၊ ဖုန်းပြောတဲ့ပုံ ကျွန်မ လှုပ်ရှားမှုတွေ ကို ရိုက်ထားတာ ရိုက်ထားတဲ့ ပုံတွေ။ ပုံတိုင်းမှာ အနောက် မှာ ကျွန်မ တို့ ဌာန က ခုနှစ်ယောက် လုံး ရဲ့ပုံ တွေပါ နေ တယ်။ ကျွန်မ အနောက်က နေရုပ်ပြောင် လုပ်နေကြတဲ့ သူတို့ ပုံတွေ နဲ့ photo Album လေး က တစ်ကယ်ချစ်ဖို့ကောင်းနေ တယ် ။
နောက်တစ်ခုက staff party တုန်းက ကျွန်မ တို့ ဌာန အဖွဲ့ရိုက်ထားတဲ့ ရုပ်ပြောင် အုပ်စု လိုက်ပုံနဲ့ အပူခံ ရေဘူးလေး။
နောက်တစ်ခုက yangoods နောက်ဆုံး ဒီဇိုင်း အိတ်လေး ။ အကုန်လုံး ကျွန်မ သဘောကျမိတယ် ။
"ဒါဘယ်သူ စီစဉ်တာလဲ "
"ဖူးဖူး နဲ့ အပြည့် ပေါ့ မ မိုးရယ် .. ဆရာမ ကြီး နှစ်ယောက်စီစဉ်တာ ကျွန်မ တို့ သာ ဆို ရိုးရိုးလက်ဆောင်ပဲ ဝယ်ပေးမိမှာ ဒီလို အမှတ်တရ ပစ္စည်းလေး မလုပ်တက်ဘူး " ဧကရီ က ဝင်ပြောသည် ။
"ဘာ ဖြစ်ဖြစ် အားလုံးကိုကျေးဇူး တင်ပါတယ် တစ်ကယ့် ကို အမှတ်တရ ဖြစ်ရပါတယ် ။ အကုန်လုံးကို ချစ်တယ် နော်။"
"ကဲ အဲ့တာ ဆို အလုပ်လေးတွေ စ လိုက်ကြရအောင် " ကျွန်မ တို့ ဌာန မန်နေဂျာ ရဲ့ ဆော်ဩမှု နဲ့ တစ်နေတာ အလုပ်စခဲ့လိုက်ကြသည်။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။