Part-19 (Unicode + Zawgyi)

1.4K 114 16
                                    

ဖုန်း ကို ကုတင် ဘေး နားမှာ ရှိတဲ့ စာပွဲ ခုံ ပေါ် မှာ အားသွင်းထားလိုက်ပြီး ခုတင် ခေါင်းရင်း ဘောင်၌ မှီထားတဲ့ ကျွန်မ ခန္ဓာကိုယ် ကို အောက်သို့ လျှောချ ပြီး လှဲ ချ လိုက်သည် ။

"ဘာ ငုပ်တုတ်ထိုင်ကြည့် နေတာ လဲ ကလေးလေး လာ မ ဆီကို "ဟု ကျွန်မ ကို ငုပ်တုတ်ထိုင် ကြည့်နေတဲ့ ကျွန်မ အရိုင်းတုန်းလေး ကို လက်နှစ်ဖက် ဆန့်တန်းကား ကလေး တစ်ယောက် ကို ချောမြူခေါ် သည့် ပုံလို ကျွန်မ ခေါ် လိုက်တော့ ရင်ခွင်ထဲ စွေ့ကနဲ ဝင် ရောက်လာတဲ့ ကျွန်မ ကလေး လေးပါ ။

"မ ချစ်လား "

"အင်း ချစ်တယ် "

"ဖူး က မ ထက်ပိုချစ်တယ် "

"အင်း သိတယ် " စကားဆုံးသည် နှင့် သူမ ခေါင်း‌လေး ကို တစ်ချက် နမ်းလိုက် တော့ shampoo အနံ သင်းသင်း လေးက ကျွန်မ စိတ်ရိုင်း တွေ ကို နှိုးဆွ လိုက် သလိုပဲ ကျွန်မ ခံစားလာရသည် ။

နဖူးလေး ကို ထပ် နမ်းလိုက်ပြန်တော့ ကျွန်မ ကိုပြန်ကြည့်လာ သော ဖူးဖူး ရဲ့ ရွှန်းလဲ့ နေတဲ့ မျက်လုံးအစုံ ရဲ့ အဓိပ္ပာယ် ကို ကျွန်မ နားလည်လိုက် ပါ ပြီ ။

ကျွန်မ နှုတ်ခမ်း ကို ဖျက်နဲ လာ၍ နမ်းလာသည် ။ ထို့နောက် ကျွန်မ ရင်ခွင် မှာ ခေါင်းလေး မှီ၍ ကျွန်မ ကို ပြန်‌ မော့‌ ကြည့်နေသည် ။

ကျွန်မ လဲ မနေသာတော့ပဲ ကျွန်မ ၏ နှုတ်ခမ်း ကို သူမ ၏ နှုတ်ခမ်း ပေါ် သို့ ပြန်၍ ဖိကပ် နမ်းလိုက် တော့ သည် ။

နှုတ်ခမ်း တစ်လွှာ ချင်း စီ ကို စုပ်ယူ ရင် အပြန် အလှန် နှုတ်ခမ်း စီးချင်း ထိုးနေကြသည် ။

ထို့နောက် သူမ လျှာ လေး က ကျွန်မ အာခံတွင်း ထဲ သို့ ကျုးကျော် လာပြီး ကျွန်မ လျှာ လေး ကို လာရောက် ရစ်ပတ်‌ နေ ပြန် တော့ သည် ။

သူမ ၏ ကျောပြင် တစ်လျှောက် ကို  ကျွန်မ လက် များ က ပွတ်သက်ပြေးလွှား ပေး‌ ရင်း
ကျွန်မ လဲ သူမ ရဲ့ အနမ်းစီးချင်း များ ကို ပြန်လဲ တုန့် ပြန်ကာ အချစ် ပင်လယ် ထဲ မှာ ယစ်မူးနေမိသည် ။

ထို‌‌ နောက် ဖူးဖူး မှာ‌ ကျွန်မ ရင်ခွင်ထဲ မှ ထွက်ကာ  ကျွန်မ အပေါ်သို့ အုပ်မိုး ထားသော အနေအထား ကို ပြောင်း ကာ အနမ်းမိုး များ ကို ကျွန်မ အပေါ် သို့ ပို ၍ သည်းထန်းစွာရွာချနေလိုက်သည် ။

My SeniorWhere stories live. Discover now