ဖူး မ အနားကို ရောက်ဖို့ အတော် ကြိုးစားနေရသည် ။ ပြည့်ပြည့် ကို နောက်နေ့ ကားကြုံ ခေါ်တင် မယ် ပြော တော့ ကိုယ့် မှာ စိတ်မချလွန်းလို့ လိုက်ချင်ပါ တယ် ခေါ် ပါ လို့ မ ကို ဂျီတိုက် လိုက် ရ သေးသည်။ သဘောကောင်းတဲ့ မ ဝသုန် က လက်ခံ လိုက်တော့ ဖူး ဂွင် ထဲ ဝင်လာသည်ပေါ့ ။
အခု ဆို မ က ဖူး ကို ရုံးသွား ရုံးပြန် လာခေါ်ပေးသည် ။ မ က ဖူး အပိုင် ဖြစ်လာဖို့ အတွက် ဖူး ကြိုးစားမှာ ။ မသိ ဘူး မနဲ့ တွေ့မှ ဖူး ချစ်တယ်ဆိုတာ ကို ခံစားလာ မိ တာ။ မ ရဲ့ ဆုံးမ တာတွေ အလို လိုက်တာ တွေ သူမစိတ် ကို ပိုပို သိလာ မှ ဘယ်အရာမဆို တာဝန်ယူ မှု တာဝန်ခံမှု ရှိတဲ့ စိတ်ဓာတ် တွေ မိန်းမ တစ်ယောက် ပင်မဲ့ သတ္တိ ရှိ မှု အလုပ်လုပ်တာ ပြတ်သား တက်တာ တွေက ဖူးရဲ့ idol အဖြစ်က နေ မ ကို ပိုင်ဆိုင် ချင်လာ မိတယ် ။
ရုံးဆင်း ခါနီး ဆို မိန်းမတွေ ရဲ့ အလုပ်က သိတယ် မှတ်လား အိမ်သားထဲ သွား ပေါင်တာ ပုတ် ခေါင်းဖီး နှုတ်ခမ်းနီ ဆိုးရတာလေး ။ ဖူးလဲ အလှ ကြိုက်တဲ မိန်းမ တစ်ယောက်ဆို တော့ ရုံးဆင်း ခါနီး အိမ်သာ ဝင်ရင်း နှုတ်ခမ်း နီ ဆိုး နေတုန်း အိမ်သာထဲ က ထွက်လာ တဲ့ မ ။
ဘေစင်မှာ လက်ဆေးရင်း ကျွန်မ နှုတ်ခမ်း နီ ဆိုးတာ ကို မှန်ထဲ က မ ခိုးကြည့်နေတာ ဖူး မြင်နေရတယ် ။ သူ့ ကို ပြန်လှန်း ကြည့် တော့ မျက်နှာ လွှဲ သွားတဲ့ မ ကို ဖူး စချင်စိတ် က ထိန်းမရ စိတ် ဆိုး သွား မှာလဲ ဆိုးရ သေး သည် ။ နှုတ်ခမ်း နီး ဆိုး ပြီး နှုတ်ခမ်း နှစ်လွှာ ကို ဖိကာ နှုတ်ခမ်းနီ ညှိ လိုက်တော့ ထပ် ခိုး ကြည့်နေတဲ့ သူမ ဘက် ချာ ခနဲ လှည့် လိုက်ပြီး
"ဘာလို့ ကြည့် မ က ထပ် နမ်းချင်လို့လား " လို့ စမိလိုက်တော့
"ဟာ ဒီ အရူးမ လေးတော့ " ဟု ဆို ကာ မျက်နှာ လွှဲ ၍ tissue box က tissue ဆွဲထုတ် ကာ ထွက်သွားရန် ပြင် နေသည့် မကို
"ဒီ နှုတ်ခမ်းနီ လေး က အသစ် အနံ က အသီး အနံ့ လေး မွှေးနေတာ တော့ ချို မချိုး မ များ မြည်းချင်မလား လို့ " ထပ်စ လိုက်တော့ ပါဝါ မျက်မှန် အောက်က မျက်မှောင် ကုပ် ကာ လှည့်ကြည့်လာ ၍ ချက်ချင်း သွားလေး ဖြီး ကာ စတာ ပါ လို့ ပြန် ပြောလိုက်ရ သည် ။ ဒီလို ဖြစ် သွားတဲ့ မ ပုံ ကို ကြည့်ရတာ staff party နေ့က အဖြစ် အပျက်တွေ ကို မ အမှတ်ရ နေတုန်းဆို တာ သက်သေ ပဲ။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။