မ က အချိန်လေး စောင့်ပေးပါ အုံးဆို တော့ လဲ သူမ ယုံ ကြည်လာတဲ့ အထိ ဖူးစောင့်ပေးရမှာပေါ့။ မ က သာ မသေချာမှာ ဆိုး လို့ အချိန် အတိုင်တာ တစ်ခု ထိ စောင့် ကြည့်ချင်တယ် လို့ တောင်ဆိုလာ ပေမဲ့ ဖူး ဘက် က တော့ သေချာ တယ် ဖူး နှလုံးသား ထဲ က မ ကိုချစ်တယ်ဆိုတာ ။အချိန်တွေကုန် လာလေ ကျွန်မ တို့ နှစ်ယောက် ရဲ့ သံယောဇဥ် က ပို ခိုင်မြဲလာလေ ပါပဲ ။ မ ဘက်က တရာဝင် ချစ်တယ် လို့သာ မပြောရသေးတာ မ ရဲ့ ဂရုစိုက်မှု တွေ အချစ် တွေ ကို ဖူး အပြည့်အဝ ခံစားလို့ ရတယ် ။ ဘာဖြစ်ဖြစ် ဒီလို အခိုက်အတန့် လေး တွေ ကို ဖူး နှစ်သက်တယ် ။ မ ဖူးနဲ့ ပတ်သက် လို့ သဝန်တို နေရ တာ တွေ ကို နှစ်သက်တယ် ။ တစ်ကယ့် ပါ ဖူး စိတ်တွေ ကို ဒေါ်မိုးဝသုန်နွယ် က သိမ်းပိုင်းထားလိုက်ပါပြီ ။
အခု ဆို ကျွန်မ တို့ နှစ်ယောက် က နှစ်အိမ့်တစ်အိမ် တောင် ဖြစ်လို့နေပြီ။ မေမေ ဆို တာ မ ကို သမီးကြီး သမီး နဲ့ တစ်ခုခု ဆို ယောကျ်ား သား မရှိ တဲ့ ဖူးတို့ မိသားစု အတွက် မိန်းမသား ပေမဲ့ သွက်လက် ပြီး သတ္တိ ရှိတဲ့ မမ ကို အားကိုး နေ သလို့ မ မေမေ ဆိုတာ လဲ ဖူး ကို သမီးငယ် လေး ဆို ကာ ရုံး ပိတ်ရက်တွေ မ အိမ် သွာလည် တိုင်း ကျွန်မ အတွက် ဆို တာ မျိုးတွေ ချက် ပေးတဲ့ အပြင် အိမ်ပါ ထည့်ပေးတက်တာမျိုး ။ မ ဆီ က သာ တရာဝင် ချစ်တယ် ဆိုတာ ကြား ရင် ဖူး အတွက် အရာရာ ပြီးပြည့်စုံသွားပါပြီ။
" ဖူး ဘာတွေ သဘောကျ " ကားမောင်း ရင်း မေးလာတဲ့ မ အမေး ကြောင့် ကြည်နူးစရာ အတွေးတွေ ခဏ ရပ်၍ မ အမေးကို ပြန်ဖြေ လိုက်တော့သည် ။
"အယ်... ဘာ မှ ဟုတ်ဘူး ဟီးးးးးး"
"မလိမ် နဲ့ နော် ဘယ်ကောင်လေး အကြောင်းတွေး ပြီး သဘော ကျ နေတာလဲ ။စိတ် ပြောင်း ချင် နောက်မကျ သေးဘူး နော် "
"မ က လဲ ဖူး ဒီလောက် ချစ်ပြနေတာ တောင် အဲ့လိုတွေ ဘာကြောင့် ပြောရက်ရတာလဲ " မ စကား ကြောင့် ဖူးတစ်ကယ် စိတ်မကောင်း ဖြစ်မိသွား တာ မျက်နှာ အမူအရာ ပါ ထိန်းမရတဲ့ အထိ ဖြစ်သွားမိသည် ထင်တယ် မ က ပြန်၍
"အင်းအင်း စတာ စူပုတ်ပုတ် လုပ်မနေနဲ့"
ပြောလဲ ပြော ပါးလေး လာကိုင် ပြီး မ က ပြန် လာချော့ တော့ လဲ ပျော့ရသည် ပေါ့။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။