မျက်နှာသစ် ရေမိုး ချိုးပြီး မေမေ တို့ အတွက် မနက်စာ ဝယ် ဖို့ထွက်လာ လိုက်သည်။
ဖူးဖူး မနက်စာ ဘာစားချင် မလဲ မေးရန် ဖူးဆီ ဖုန်းခေါ် လိုက်တော့ အိပ်ချင်မူးတူး ဖြစ်နေမယ့် ဖူးဖူး ရဲ့ အသံလေး မဟုတ်ပဲ မာမီ ဖုန်းလာကိုင်သည်။
ဖူးဖူး ည က နေမကောင်းလို့ အခု မနက်မှ အိပ်ပျော်သွားတယ် ဆိုတာကို သိရသည် ။
အိမ်ပြန် မေမေ နဲ့ အဒေါ် အတွက် မနက်စာပြင်ပေး ပြီး ဖူးဖူး နေမကောင်းလို့ လူမမာ သွားအုံးလို့ မေ့မေ့ ကို အသိပေး ပြောတော့ အဒေါ် က မြူစွမ် လေး သူပြုတ်ပေးလိုက်မယ် ခဏ စောင့်ပါဦး ဆိုသော်ကြောင့် မနက် ၁၀ ခွဲ လောက်မှ ဒေါ်လေး ပြင်ပေးတဲ့ မြူစွမ် ချိုင့်လေး ယူ ကာ ဖူဖူ အတွက် နေ့လည် စာ အမှီ. ဖူးဖူး အိမ်သို့ ထွက်လာခဲ့တော့သည်။
ဖူးဖူး အိမ် မှာက ဖူးဖူးတို့သားမိ ရယ် ဖူးဖူး ငယ်ငယ်ထဲ က အိမ်မှာ ဝိုင်းကူရန် နယ်က ခေါ်ထားတဲ့ ဆွေမျိုး မကင်း ဦးထွန်းသာ တို့ လင်မယားရယ် ဒါပဲ ရှိကြတာ ။
ဖူးဖူး အိမ်ရှေ့ ကျွန်မ ရောက်တာ နဲ့ ဦးထွန်းသာ က ခြံတံကားလာဖွင့်ပေး သည် ။ ဝင်ထွက်နေကြ အိမ် ဖြစ်သောကြောင့် အထူးတလည် စိမ်းမနေတော့ ပေ။
"ကားသံ ကြားလို့ မာမီ ထွက် ကြည့်တာ သမီး ဝသုန် လာအိမ်ထဲ သမီး ညီမ က မနက် ၃ နာရီလောက်မှ အိပ်သွားတာ ။ ၁၁ နာရီလောက် နှိုးပြီး ဆေး ထပ် တိုက် ရမှာ သမီး တစ်ခါထဲ သူ့ နိုးတာ ကို စောင့်သွားလေ။ နေ့ခင်စာ ပါ စာ ပြီးမှ ပြန်ရမယ်နော် ။"
"ဟုတ် မာမီ"
ဖူးဖူးမေမေ က ကျွန်မ က သူမ ကို မာမီ လို့ပဲ ရင်းရင်း နှီးနှီး ခေါ်ခိုင်းထာသောကြောင့် မာမီ လို့ ခေါ်ဖြစ်ခဲ့သည် ။
"လာ သမီးဝသုန် ဖူးဖူး အခန်းထဲ မှာ ဝင်စောင့်နေသမီး ။ အခန်းထဲ မှာ စာအုပ်တွေ လဲ ဖတ်ချင်ဖတ် ရုပ်ရှင် ကြည့်ချင် ကြည့်နေလေ လာ"
"ဒေါ်မြ သမီး ဝသုန်အတွက် မုန့်နဲ့ ကော်ဖီ ကို သမီး ငယ် အခန်းထဲ ယူလာပေးပါအုံးနော်"
"ဟုတ် မမ "
"လာ သမီး အပေါ်ထပ် ကို "
ဖူးဖူး တို့ အိမ်ကို မကြာမကြာ လာနေကြ ဆိုသော်လဲ ဖူးဖူးတို့ အိမ်ပေါ်ကို ရောက်ဖူးတာ ဒါ ပထမ ဆုံး အချိန်ပင် ဖြစ်သည်။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။