မနက် ဖူး နိုးလာတော့ မျက်လုံးသာ ဖွင့်မရသေးတာ အသိစိတ်ထဲ မှာ တော့ တစ်စုံတစ်ယောက် ကိုယ့်ကို စိုက်ကြည့်နေတယ် ဆို တာ ခံစားမိနေတယ် ။
ဒါ မ ပဲပေါ့ ။
မျက်လုံးပွင့် ရန် လက် နှစ်ဖက် က မျက်လုံး ကို ပွတ်လိုက်တော့ ဘေး က တစ်ယောက် ရဲ့ ရွေ့လျား သွားတဲ့ အသံ ကို ကြားလိုက်ရတယ် ။
မျက်လုံး အမြန်ဖွင့်ကာ ဘေးက မ ကို လှန်းကြည့်မိတယ် ။ ဖူးကို ကျောပေးလျှက် အိပ်နေသည့် မ ရဲ့ ပုံ စံ ။ သူမ နဲ့ မျက်နှာချင်းဆိုင် ရှိနေ တဲ့ မှန်တင်ခုံး က မှန်ထဲ မှာ ပေါ်နေတဲ့ မျက်လုံးကြီး ဇွတ်မှိတ်ထားလို့ မျက်ခုံး နှစ်ဘက် အနည်းငယ်တွန့် နေတဲ့ မ ပုံစံ လေးက သူမ ရှက်နေတယ် ဆိုတာ ဖူး စိတ်ထဲ အလိုလို သိနေတယ် ။
ညက အဖြစ်ပျက်မှာ သူမ ဦးဆောင်သူဖြစ်ခဲ့တာ တောင် သူမ ရှက်နေတယ် ဆိုထဲ က ဖူးရဲ့ ချစ်ရတဲ့ မ က ဘယ်လောက် အရှက်အကြောက်ကြီး တက်မှန်း သိပ်သိသာ။
အခုချိန် သူ မ ကို ဒီအကြောင်း သွားစရင် သေချာတယ် ဖူး ရှက်ရမ်း ရမ်းခံရမှာ မို့ စချင် စိတ်ကို မနဲ အောင့်ကာ ဒီဘက် ပြန်လှည့် ၍ ဖုန်း ထဲ က နာရီ ကြည့်လိုက်မိတယ်။ မနက် ၆:၄၅ ပဲ ရှိသေးတော့ ဖူးလဲ မကို မနှိုးတော့ ပဲ အသာလေး မျက်နှာသစ် ရန် ကုတင်ပေါ်က ဆင်းခဲ့လိုက်သည်
ဖူးလဲ မျက်နှာသစ် အောက်ထပ်ဆင် ဒေါ်ကြီးမြ မနက် စာ ဘာများပြင်ထားလဲ သွားစပ်စု တော့ မနက် စာ က မုန်ဟင်းခါး ချက်ထားတယ်ဆိုတာ သိတော့ မှ မ ကို နှိုးရန် အခန်ရှိရာ သို့ ပြန်လာခဲ့လိုက် သည် ။
အခန်း တံကား ဖွင့်လိုက်တာ နဲ့ ကုတင်ပေါ် မှာ မ မရှိတော့ ကုတင်ပေါ်တွင် စောင် အိပ်ယာခင်းများကို သပ်ရပ် စွာ အနေအထားဖြင့် ည က မ ကို ပေးဝတ် ခိုင်းထားတဲ့ ဖူးရဲ့ ညဝတ် အကျီကလဲ အဆင်သင့် ခေါက်လျှက်သား ခုတင်ပေါ် မှာတင်ထား သည် ။ ဖူး နောက်ဖေး ဝင်နေတုန်း သူ့ အိမ် ကို ပြန်များ သွားတာလား မသိဘူး ။ခုနက နောက် ဖေး ရောက်နေလို့ မ ကားသံများ မကြားလိုက်တာလား ။
အတွေးဝင်နေတုန်း ရေချိုးခန်း ထဲ က ထွက်လာတဲ့ မ
"မ ကို ပြန်များသွားတာလားလို့ " ပြောလဲ ပြော သူမ ခါးလေး ကို ပြေးဖက်လိုက်သည် ။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။