Part -18
"ဟင်းးးးးး တစ်ကယ်လား တစ်ကယ်လား လို့ ဖူး ကို ချစ်တယ် လို့ ပြောလိုက်တာ "
"ချစ်တယ် မ ကလေး လေး ကို ချစ်တယ်လို့ "
"ဟီး ဖူး လဲ အရမ်း ချစ်တယ် မေ "
ဖူး မထင်ထား တဲ့ အရာ ကြီးပါ တစ်ကယ်ကို မမျှော် လင့် ထားတာ ။
မေ က ရှက် နေတာပဲ လား ရင်ခုန်နေတာ လား ဖူးရဲ့ လက် ချောင်း လေး တွေ ကို ဆုပ် ကိုင်ထား ၍ တီးဝိုင်း ရှိရာ ဘက်သို ငေး ကား သီချင်းလေး တွေ လိုက် ငြီး နေသည် ။
ဖူးလဲ အိတ်ထဲမှာ အသင့် ယူလာ တဲ့ လက်ဆောင် ဗူး လေး ထဲ က မေ့ ကို ပေးဖို့ ပစ္စည်းလေးကို ထုတ် လိုက်ကာ မေ့ ရဲ့ လက်ချောင်း သွယ်သွယ် လက်သန်းကြွယ် လေး မှာ ဝတ်ဆင်ပေးလိုက် သောကြောင့် မေ က ဖူး ကို လှည့်၍ ကြည့်လာ တယ် ။
"Happy Valentine Day ပါ မေ။
"လှ လိုက်တာ ဖူးရယ် ။ "
"ဖူး ရင်ခုန်နေသ၍ ဖူး ရဲ့ နှလုံး သား စည်းချက် တိုင်း က မေ့ အတွက် " ပြောရင်း လက်စွပ် လေး ဝတ်ထား တဲ့ မေ့ ရဲ့ လက်လေး ကို တစ်ချက်နမ်းလိုက် သည်။
"ချစ်ဖို့ ကောင်း လိုက်တာ မေ့ ကလေး လေး က "
ဖူး နဖူး အပေါ် မေ့ ရဲ့ အနမ်း တစ်ပွင့် ထပ် ရောက်လာ ခဲ့ သည် ။
"ကျွန်မ လဲ ရှင့် ကို ပေးစရာ ရှိ ပါတယ် နော် "
မေ အိတ် ထဲ က ထုတ်လိုက်တဲ့ လက်ဆောင် ဗူး ပန်းရောင် လေး က ဖူး ရှေ့သို့ ရောက်လာသည် နှင့် တစ်ခါထဲ"Happy Valentine Day Phoo lay" တဲ့
"ဒါ ဘာလဲ "
ဖွင့် ကြည့်လိုက်တော့ ရွှေ Foot chain လေး အသဲ ပုံ မှာ သော့တံ လေး နဲ့ Love ဆို တဲ့ စာလုံး လေး က လဲ ပါသေး ။
" ဘာ လဲ မေ က ဖူး ရဲ့ နှလုံးသား ကို သော့ခက်ထားလိုက် ပြီး အနားက ထွက်သွား ခွင့် မပြု တော့ ဘူး ဆို တဲ့ သဘောလား "
"တစ်ဝက် မှန်တယ် ဒါပေမယ့် ဖူး နှလုံး သား ကို မဟုတ်ဘူး မေ့ နှလုံးသား ကို သော့ခက် ပြီး ဖူး ကို အပ်နှင်း ထားတာ "
"အယ်.... မေ့ ကို အဲ့ဒိလို တွေ ပြောတက်လိမ့်မယ် လို့ မထင်ထား မိ ဖူးလေ "
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။