ကလပ် မှ အပြန် ကျွန်မ မှာ အတွေးများဖြင့် အလုပ်ရှုပ်နေရပါသည် ။ ဖူး က ကားမောင်းတက် တာ ငါ့ကို ဘာလို့ မပြောရတာ လဲ ။ စည်သူ့ စကားအရ ဆို သူ့ကား အကောင်းစားကို မစီးပဲ ဘာလို့ များ ငါ့ ရဲ့ suzuki swift ကားလေး နဲ့ ကပ်လိုက်နေရတာလဲ ။ နောက်ဆုံး သူက ငါ့ကိုထား ခဲ့ပြီး အမေရိကား ကို သွားမှာလား ။ သူ့အကြောင်း ငါ မသိသေးတာ တွေက များလိုက်တာ ။ စိတ်တထဲ အတွေးများက ပြည့် ကျပ်လာတော့ လေပူတစ်ချက် ပါစပ်က မှုတ်ထုတ်ရင်း လျို့ဝှက် တက်လွန်းတဲ့ ထို လူသားလေး ဘက် လှည့်ကြည့်မိတော့ သူမ မျက်နှာ က ပြုံးစိစိ ဖြင့် ကျွန်မ အချစ်ကို မရသေးလို့ သူမသေ ချင် သေးပါဘူးတဲ့ ကားကို အာရုံစိုက်မောင်း ပါဆိုတဲ့ အဓိပ္ပာယ် နဲ့ ဆရာလာလုပ်သေးသည် ။ ဟွန့် သူက များ ပြိုင်တောင် မောင်းလိုက်ပါချင် သေးတယ် နော် ။
ဒီလို နဲ့ ဖူးတို့ အိမ်ရှေ့ ရောက်လာခဲ့တော့ သည်။ ဖူး သူငယ်ချင် စည်သူတို့ ကားလေးက အနောက် ပါလာခဲ့ ပြီး ကျွန်မ ကား လေး ဖူးတို့ခြံထဲ ဝင် တော့ မှ လှည့်ပြန်သွားကြတော့သည် ။ သူမလေးက ဒီလို ဂရုစိုက်တက်တဲ့ သူငယ်ချင်းကောင်းလေး တွေတော့ ရထား ပါလား ။ ထို့နောက် ဖူး အခန်းရှိရာ သို့ နှစ်ယောက်သား တက်ခဲ့ လိုက်ကြသည်။ တစ်အိမ်လုံး အိပ်နေကြသည် ဖြစ် သည် ။ ဖူးမှာ သော့ အပို တစ်စုံရှိသောကြောင့် မည်သူမှ စောင့်နေခြင်း မရှိပဲ စိတ်ချလက်ချ အိပ်နေကြခြင်း ဖြစ်ဟန်တူသည် ။
"ရော့ ဒီမှာ ဖူးရဲ့ ညဝတ်အကျီ အသစ် မ အရင် အကျီလဲ မလား "
"အင်း အရင် သွားလဲ လိုက်မယ် "
ဖူးဖူးပေးတဲ့ ညဝတ် အကျီးလေး ကို ယူကာ ဖူးဖူး အခန်းထဲ မှာ ရှိတဲ့ ရေချိုးခန်း ထဲ သို့ ဝင်လာခဲ့ လိုက်သည် ။ အခု မှ တစ်ကယ် ရင်ခုန်ရပါသည် ။ ကျွန်မ ဘာလို့ များ ဒီအိမ်မှာ အိပ်ဖို့ ဆုံးဖြတ်ခဲ့ မှန်းမသိ ။ ဖူးဖူး နဲ့ တစ်ည လုံး အတူတူ အိပ်ရမယ်ဆို တဲ့ အသိ က ကျွန်မ လက်ဖျားခြေဖျားတွေ အေးစက်ခါ အမျိုးအမည် မသိတဲ့ ခံစားချက်ကြီးက ရင်ထဲ လှုပ်ရှားလို့နေခဲ့သည် ။ မသိဘူး အိမ်သာ ပြန်ပြေးချင်တော့ တာပါပဲ ။
"မ အဆင်ပြေလား အကျီးက " အပြင်က ဖူးဖူး ရဲ့ တံခါးကို ခေါက်ရင်း မေးလာတဲ့ အသံ ကြားမှ ကျွန်မ အတွေး တွေ နယ်ချဲ့ နေတာ တွေ က အသိပြန်ဝင်လာခဲ့တော့သည် ။ ဘာဖြစ်လဲ မိန်းကလေးချင်းပဲ ဆိုတဲ့ အသိစိတ် ကို ခေါင်းထဲ ထည့်ကာ ရေချိုးခန်းထဲ က ပြန်ထွက် လာလိုက်တော့ သည် ။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။