Part 12 (Unicode + Zawgyi)

1.6K 114 25
                                    

တစ်ကယ်တော့ ကျွန်မ ဒီအသက် အရွယ်ထိ တစ်ခါ မှ night club မရောက်ဘူးပါ။ staff party ရှိမှ အိမ်ပြန်နောက်ကျတာမျိုးသာရှိတာ။ ကျွန်မ တို့ ညီမ နှစ်ယောက်လုံး က club မှာ သွားဖြုန်း ရမယ့် ပိုက်ဆံကို ခရီးထွက်လိုက်မယ် ဆို တဲ့ လူစားမျိုး‌‌ တွေ။

စည်းကမ်းကြီးတဲ့ မေ့မေ့ လက်အောက်မှာ နေခဲ့ရလို့ ပဲလား ကျွန်မ တို့ ညီမ နှစ်ယောက်လုံး က လူရှုပ် တဲ့နေရာ မျိုးတွေ ဆို မကြိုက်တက်ပါ ။ အလုပ် ကိစ္စ လူမှုရေး အရ သွားရတဲ့ ပွဲ မျိုးကလွဲ လို့ အိမ်မှာနေရတာ ပဲ နှစ်သက်တယ်။

အခု က ဖူးကို စိတ်မချဖြစ်မိတာ တစ်ကြောင်း ဖူး အပေါင်းအသင်းတွေက ဘယ်လို ရှိလဲ ဆိုတာ သိခြင်းတာ က တစ်ကြောင်း ။ တစ်နှစ်ခွဲရမယ့် အချိန် မှာ စိတ်မပူခြင်လို့ သူလေး က စိတ်ပြောင်းခဲ့ မယ်ဆိုရင် တောင် ကျွန်မ က အပြစ်မဆိုပေမယ့် အရင် လို အဆိုးမလေး ပြန်မဖြစ်စေခြင်ဘူး သူ့ ကို ကိုယ် ပြင်ပေးလို့ ရ တာလေးတွေ ပြင်ပေးခြင်တယ် မိတ်ဆွေတု မိတ်ဆွေ ယောင် တွေ နဲ့ တွေ့မှာ ဆိုးလွန်းလှတယ် ။

နောက်ဆုံးတစ်ချက်က ဖူး လို ပဲ ကျွန်မ ဖူးဖူး နဲ့ နှစ်သစ် ကို အတူတူ ကြိုဆိုခြင်တယ် ။ ခုနက ပြောမိသလို တစ်နှစ် အတွင်းဘာဖြစ်မလဲ မသိနိုင်ပေမယ့် ။ ဖူးဖူး နဲ့ ပတ်သက်တဲ့ အမှတ်တရ တိုင်း ကို ကျွန်မ ဘဝ မှာ အမြဲ သိမ်းထား ချင်တယ် ။နောက်ဆုံး ကိုယ် မဟုတ်တဲ့ တစ်ခြား တစ်ယောက် နဲ့ လက်တွဲ သွားပါစေ မိုးဝသုန်နွယ် ဆို တဲ့ ကျွန်မ နဲ့ ပတ်သက်ခဲ့တဲ့ အမှတ်တရဆိုတာတွေ ကို သူ့ ဘဝ မှာ ချန်ထားခဲ့ချင်တယ် ။

မနေ့ က ထဲက ဒီည သွားဖို့ ကျွန်မ ဘာဝတ်ရမှန်းမသိဘူး ။ သွားနေကြ မဟုတ်တဲ့ နေရာ ဖြစ်တဲ့ အတွက် ဘာတွေ ဘယ်လို ဝတ်ရမလဲ မသိဘူး ။ ချက်ချင်း ဆုံးဖြတ်ချက်ပြောင်းလိုက်တော့ ဘာမှ မပြင်ဆင်လိုက်ရဘူး ။ ဝတ်နေကြ Tshirt , Shirt, Jean တွေက ရိုးနေပြီ ဖူး‌‌လေး တစ်ခါး မှ မမြင်ဖူးတဲ့ ပုံစံလေး နဲ့ ကျွန်မ ကို မြင်စေချင်တာ။ ကိုယ်တိုင်သွားဝယ် ရင် အတို မဝတ်ရဲ အဟိုက်မဝတ်ချင်နဲ့ ပုံတုံး ကြီးပဲ ထွက်လာမှာ မို့ ညက ငယ်လေး နဲ့ တိုင်ပင် တော့ သူက မမ စိတ်မပူနဲ့ မနက်ဖြန် မမ မသွားခင် ငယ်လေး ပို့ပေးလိုက်မယ် မမ ဝတ်ဖို့ ဝတ်စုံ တဲ့ ဒါမျိုး ကျ ညီမလေး ရှိတာ အရမ်း အားရှိရပါတယ် ။

My SeniorWhere stories live. Discover now