ဒီနေ့ မနက် အစောကြီး နိုးနေခဲ့တယ် ။ ရုံးသွားဖို့ ပြင်ဆင် ပြီး ဟို စားသောက်ဆိုင် က လက်ဆောင်ပေးတဲ့ အကျီ လေး ကို ထုပ်ဝတ် ပြီး အပေါ် က ဂျင်းဂျာကင် ကို ထပ်ဝတ်လိုက်တယ် ။ ပြင်ဆင်း ပြီး မ လာခေါ် မယ့် အချိန် ကို စောင့်ရင်း အိမ်က ပြင်ပေးတဲ့ မနက်စာ ကို စား နေလိုက်တယ် ။
"မာမီ့ သမီး လေး က ကာတွန်းရုပ်ပါတဲ့ Tshirt တွေ ဘာတွေ ဝတ်လို့ ပါလား ။ အရင် က Tshirt အကျီ မှာ ကာတွန်းရုပ်ပါ ရင် မကြိုက်ဘူးဆို "
"ဒါ လက်ဆောင်ရတာ မာမီ ရဲ့ ။ ဟိုနေ့က မ နဲ့ မုန့်သွား စားရင်း ဆိုင်က ပေးလိုက်တာ ။ ဟီးးးးး အရင် က မဝတ်ဖူး လို့ ခု စမ်းဝတ်ကြည့်တာ လှတယ် မှတ်လား မားမီ"
"အရောင်လေး ရော အရုပ်လေးရော လူလေးရော ချစ်စရာလေး ။ ဒါ နဲ့ သမီး က ဒီနေ့ မှာ ပန်းရောင်နု ဝတ်ထားတော့ သမီးအတွက် အပြာရောင် Tshirt ပိုင်ရှင်က ဘယ်သူတုန်း"
"မ လေ"
"ဟင်း... ဟုတ်တယ် Tshirt က Valentine Day အတွက် couple ဝတ်ဖို့ ပန်းရောင်နဲ့ အပြာ နှစ်ထည် ရလာတာ အဲ့တာ မ ကို အပြာ ပေးလိုက်တာ ပဲ ။ ဝတ်လာမလာ တော့ မသိဘူး မာမီယေ ။ "
"သမီးကြီး အဲ့အကျီ အပြာရောင် လေး ဝတ်လာပါစေ တော် မဟုတ်ရင် မာမီ့ သမီး ငယ်လေး တစ်ယောက်ထဲ အဖော်မဲ့ နေမှာ "
"အဲ့တာ တော့ သိပ်ဟုတ်တယ်မာမီ ဟားးဟာ "
သားမီး နှစ်ယောက် မနက်စာ စားရင်း စကားပြောကောင်းနေတုန်း မ ဆီ က ဖုန်း ဝင် လာခဲ့တယ် ။ သူအိမ်က ထွက်လာပြီ ဖြစ်ကြောင်း လှမ်းပြောတာ ။ ဖူး လဲ မနက်စာ ကို လက်စ သက်ပြီး ပစ္စည်း များယူ ကာ လမ်းထိပ်သို့ ထွက်လာခဲ့ လိုက်သည် ။
" ဘာလို့ လမ်းထိပ် ထွက်စောင့် နေလဲ အိမ်လာခေါ် မှာပေါ့ "
"စောစော ပြီး နေလို့ လမ်းထိပ် ထွက်လာ လိုက်တာ ပါ "
ကျွန်မ သူဘက် ကြည့် လိုက်တော့ Hoodie ခဲ ရောင် လေး နဲ့ အောက် က အကျီ ဘာဝတ်ထားလဲတော့ ဖူး က မမြင်ရဘူး ။ ဆင်တူ အကျီ မဝတ်လာ လောက်ပါဘူး ။
"ဖူးဖူး မနက်စာ စား ပြီးပြီ လား "
"စား လာပြီး ပြီ အိမ်က "
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။