My Senior (အပိုင်း-၆)
တနလ်ာ နေ့ မနက် ခါတိုင်းလို ဖူးဖူး ကို ဝင် ခေါ်ပြီး ရုံးလာရန်ထွက်လာ ခဲ့သည် ။ အခါ တိုင်း လို ဖူးဖူး စောင့်နေကြ နေရာ မှာ ဖူးဖူး တစ်ယောက်ထဲ မဟုတ် ဘေးက ကောင်လေး တစ်ယောက် နဲ့ စကား ဖောင်ဖွဲ့ ပြောနေသည် ကို ကျွန်မ မြင် လိုက် တော့ ရင်ထဲ မှာ အမည် မသိ တဲ့ ခံစားချက် ကြီး က ရင်ဘက် ကို ဆောင့်တက်လာသည် ။
ကားကို သူတို့ နှစ်ယောက် ရှေ့ ရပ် လိုက်တော့ ဖူးဖူး က ထို ကောင်လေးကို နှုတ်ဆက် ကာ ကားပေါ်သို့ ဝင်ထိုင်လိုက်သည် ။
"နောက်မှ ဖုန်းဆက်လိုက်မယ် ဖူးဖူး "
"အေးအေး ငါ သွားပြီ ရှိန်း "
"မ ဒီ မှာ မ အတွက် ပေါင်မုန့် ကြက်ဥ ကြော် နဲ့ ကော်ဖီ ဖူးကိုယ်တိုင် ပြင်လာတာ နော်"
"အင်း"
အင်း တစ်လုံးထဲ သာ ပြန်ပြော လိုက် ပေမဲ့ ဒီအသံ ကြားတာ နဲ့ ခုန က ခံစားချက်တွေ က ဘယ် ကြက်ပျောက် ငှက်ပျောက်ပဲ ဒေါ် မိုးဝသုန် နွယ် တို့က
"ခုနက ကျောင်းတုန်း က သူငယ်ချင်းလေ မ ကို စောင့်နေတုန်း သူရောက်လာပြီး စကားလာပြောရင်း သူ က ရုံး လိုက်ပို့ မယ်လုပ်နေတာ ။ ဖူးက မ လာခေါ်မှာ လို့ ငြင်းလိုက်တာ သူက ပါ လိုက်စောင့်ပေး နေတာ "
"အင်း"
ဟိုကောင်လေး နဲ့ လိုက်မသွားပဲ ငါ့ကို ရွေးလိုက်တယ် ဆို ပါလား ။ ဟီးးးး
မိုးဝသုန်နွယ် ရေ စိတ်ကို ထိန်းထားစမ်း မ ပျော့နဲ့ အုံး ။
ဒီလို့ နဲ့ ရုံးထဲ ကို ဝင်လာနဲ့ ပြည့်ပြည့် က ရုံးရဲ့ သတင်းထူး ကို ဆီးကြိုပြောတော့တာပဲ.
" မမ နဲ့ ဖူးဖူး မထိုင်နဲ့ အုံး shipping ခန်း က မ မေသူမိုးမြင့် ကို congratulations အရင် သွားလုပ် ဒီနှစ် ကိုရီးယား ရုံးချုပ် ကို သွားရ ဖို့ သူ့နအမည် ကျလာပြီ "
"ဟာ ဟုတ်လား ဝမ်းသာစရာ "
"အဲ့တာ ဆို Shipping အခန်းကို အရင်သွားလိုက်အုံးမယ်"
ကျွန်မတို့ ကုမ္ပဏီ က ကိုရီးယား အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ် ၍ ကုမ္ပဏီ ပိုင် စက်ရုံ တွေက ဗီယနမ် နဲ့ မြန်မာ မှာရှိတယ် ။ လုပ် သက် ၃ နှစ်ကျော်ရင် ရုံးပိုင်း ဝန်ထမ်း တွေ ထဲ က လူကြီးပိုင်းတွေ က အကဲဖြတ်၍ အလုပ်မှာ ထူးချွန်သူ သူတွေ ကို နှစ်စဥ် ဌာန အလိုက် ကိုရီးယား ရုံးချုပ် မှာ လေ့လာရေး အနေနဲ့ တစ်နှစ် သွားလုပ်ရတယ် ။
စက်ရုံပိုင်း က သက်မှတ်ရာထူးတွေ က တော့ လုပ်သက် ၅ နှစ် ဆို ဗီယနမ် စက်ရုံ မှာ ၆ လ သွားရောက် လေ့လာ လုပ်ကိုင် ရတယ်။ အခွင့်အရေး ကောင်းမို့ ဒီ အခွင့် အရေးကို အကုန်လုံးက မျှော်လင့်ကြတာပေါ့ ပြန်လာရင် တော့ ကုမ္ပဏီ နဲ့ ၂ နှစ် စာချုပ်ထပ် ချုပ်ရတယ် ။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။