မနဲ့ ဖူးက သွားခါနီလေ စကားများ ရန်ဖြစ်တာ ပိုများ လာ လေ ပဲ ။ပိုပို ရင်းနှီလာကြတာက တစ်ကြောင်း မ ရဲ့ သဝန်တို မှုတွေ က အတိုင်းတာ ကျော် တာ ကြောင့် ပို ပြီး ကျွန်မ တို့ နှစ်ယောက် သတ်ဖြစ်တယ် ။ ကိုယ့်ထပ်အသက် ကြီးတော့ ပြန်လဲ ပြောမရ ။ တစ်ခါ တစ်လေ မ ကို မချစ်ချင်တော့ ဘူး ပင်ပန်းလာပြီ ဒါပေမဲ့ ဖူး မှ မ ကိုမခွဲနိုင် တာ။ မှတ်လောက် အောင် စိတ်ကောက် ပြစ်ချင် ပေမဲ့ ကိုယ်က ချစ်ရသူဆိုတော့ မနေနိုင် ဖူးက ပဲ ပြန်ချော့ရတာ ပေါ့။
မ က သူမြင်တာပဲ အမှန်ယူပြီး သူပြောချင်တာတွေ တစ်ဇွတ်ထိုးပြော တစ်ဖက်သားကို မကြည့်ဘူး အဲ့လို အချိန်တွေဆို အရမ်း မုန်း ချင် စရာကောင်းတာ။ အရင်က လူတွေ ဆို ဒီလို အချိုးမျိုး ဆိုလို့ကတော့ လှည့်ကြည့် မနေတော့ဘူး တစ်ခါထဲ ခေါက်ခဲ့ လိုက်ပြီ ။အခု က တစ်သက် လုံး မှာ တစ်ခါးမှ မချစ်ဖူးတဲ့ အချစ်နဲ့ ချစ်ခဲ့ရတဲ့ မ မို့။
ကိုတေဇ အိမ် မှာ ဘုရားပင့် လို့ သွားဖူးတုန်း ကလဲ မ ကို မေမေ နဲ့ အလှူသွားမယ်ပဲ ပြီး စလွယ်ပြော ခဲ့ လိုက်တာ အဲ့နေ့မှ တိုက်တိုက်ဆိုင်ဆိုင် ပြသာနာ က တက်ရသေးတယ် ။ ကိုတေဇ တို့ အိမ် မှ အပြန် မေမေ က မပြန်သေး ပဲ နေခဲ့ အုံးမယ်ဆိုလို့ ကိုတေဇ က အတင် ဖူးကို ပြန်လိုက်ပို့ပေးပါရစေ ဆိုတာကြောင့် လူကြီးတွေ ရှိ လို့ အားနားပြီး လက်ခံ လိုက်ရ ပါတယ်။
လမ်းမှာ ကိုတေဇ မေမေ မှာ တဲ့ ဆေးကို ဖူးတို့ နားက ဆေးဆိုင်ကြီး မှာ ဝင် အဝယ် မ က လဲ သူ့ မေမေ အတွက် ဆေးလာအဝယ် မ တွေ့ပြီး အထင်လွဲ ပြီး အိမ်ရောက်တော့ သူ ပဲ ပြောချင်တာ ပြော စိတ်ကောက်သွားတာ အဲ့ဒိနေ့ က သူနဲ့ ချိန်းထား တာ လဲ မသွားဖြစ်လိုက်ရဘူး ပြီးတော့ ၁ပတ်လောက် စိတ်ကောက်သွားတာ ဖူး လဲ လွှတ်ထား ပေးလိုက်တယ် ပြန်မချော့ပဲ။ မေမေ ကြားက နေ အကြောင်းစုံ ရှင်းပေးမှ ပြန်အဆင် သွားရတယ်။
အဲ့အချိန်က စ ပြီး နဲနဲ တော့ အဆင်ပြေလာတယ်။ အရင် က လောက် ပြောရဆို ရ မခက်တော့ ဘူး ။ ဖူး ဘယ်သွားသွား သူငယ်ချင်းတွေ နဲ့ သွားဖြစ်တာ ထပ် မ နဲ့ ပို သွားဖြစ်တယ်။ သူငယ်ချင်တွေတောင် ပြောပါတယ် အဖူးမ ရည်းစားရလို့ ပျောက်သွားတာလားတဲ့ ။ အမှန် ချစ်ရတဲ့ သူနားက မခွာချင် လို့ ကပ်နေတာ။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။