Part-4 (Unicode+Zawgyi)

1.9K 115 0
                                    

တစ်ကယ် ဒီနေ့ ကျွန်မ ဘာတွေ ဖြစ်မှန်းမသိဘူး။

ဒီနေ့ ဖူးဖူး ရောက်လာမယ် လို့ မထင်ထားတာ ရယ်  ။ ရောက်လာ တဲ့ ပုံ ကို တွေ့ လိုက် ပြန်တော့ သွေးတောင် ဆောင့်တက်ချင်သွားတယ် ။ လက်တစ်လုံး ဂါဝန် အတိုလေးကို အပေါ်ထပ်ပါးပါး လေး ထပ်ဝတ်ထားလို့ မသိရင် တစ်ခြားအကောင် တွေ ကို အလှူကြီးပေးနေ သလိုပဲ သူဝတ်လာတဲ့ ပုံက  ။

လာတော့ Taxi နဲ့ တဲ့ ဟူးးးးးးးး မပြီးသေး ဘူး အကျီလဲ ဖို့ ဒီက ထုတ်ပေးတုန်း ရှိသေးတယ် သူက ချွတ်ပြီး နေပြီ မိန်းခလေး ချင်တောင် ငေးကြည့် မိရတယ် အနီရောင် အတွင်းခံ ဝမ်းဆက်လေးနဲ့ လိုက်ဖက် လွန်းတဲ့ မိုးမောက် ပြီး ဖြူးဝင်းအိစက် နေတဲ့ အရိုင်းတုံး အလှ က ကျွန်မ နှာခေါင်းသွေး မ လျှံ ခင် အခန်းထဲ က အမြန်ထွက်လာ ခဲ့ရတယ် ။

ဒါတင် မပြီးသေးဘူး ကိုယ့် အတွက် တွေးပီးဝယ်လာ ပေးတဲ့ စားစရာတွေ ဆို တော့ ပီတိ က လည်း ဖြစ်ရသေး ။ မကြာဘူး ရုပ်ရှင် ကြည့်ရင်း ဘာထ ဖောက်မှန်းမသိတော့ သူမ ရဲ့ မထိ တထိ အထိ အတွေ့ တွေက ကျွန်မ ရင်ခုန် ရ လွန်းလို့ သူမ မကြားမိပါစေ နဲ့ လို့ စိတ်ထဲ က ဆုတောင်နေရတယ် ။

အခု လဲ အတူတူ အိပ်မယ် တဲ့ အရိုင်းတုံးလေး က ကျွန်မ အိမ်လာ ပြီး ကျွန်မ ကို သွက်သွက်ခါ ပြီး ရူးသွား လေးအောင် လုပ်နေသလား ပဲ ။

ဖူးဖူး ကို အခန်းထဲ ဝင်ခိုင်းပြီး ကျွန်မ အနောက် ဖေး ထွက်လာခဲ့လိုက်တယ် ။ တစ်ကယ် ကျွန်မ ရင်တွေ ပေါက်ကွဲ ထွက်မတက် ခုန်နေတာ ။ ကျွန်မ သူနဲ့ အတူတူ တစ်ကုတင်ထဲ အိမ်လို့ ဖြစ်ပါ့မလား ဆိုတဲ့ အတွေး တွေနဲ့ ရေချိုးခန်း ထဲ က ဘေစင်မှာ ရပ်ကာ မှန်ထဲ မြင်နေရတဲ့ ကိုယ့်ကို မေးခွန်းထုတ် ရင် စိတ်ငြိမ်အောင် မနဲ ကုစားနေရသည် ။

"ဘာ မှ မဖြစ်ပါဘူး မိန်းခလေး ချင်းပဲ ဘာမှ မဖြစ်ဘူး သူလဲ သူ့ဘာသာအိပ် ငါလဲ ငါ့ဘာသာ အိပ်မှာပဲ လေ မိုးဝသုန်နွယ်ရဲ့ နင်က ဘာဖြစ် နေတာလဲ .... ဘာမှ မဖြစ်ဘူး စိတ်လျော့ပြီး သွားလှဲလိုက်"
"ဟုတ်တယ် မိန်းခလေး ချင်းပဲ ဘာမှ မဖြစ်ဘူး "

ကိုယ့်ကို ပြန်အားပေးရင် မျက်နှာ ကို ခပ်ကြမ်းကြမ်း သစ်ချလိုက်သည် ။

My SeniorWhere stories live. Discover now