"စိတ်တို လိုက်တာ စိတ်တိုလိုက်တာ "
"ဘာဖြစ်လာတာ လဲ ဖူးဖူးရဲ့ "
စက်ရုံဘက် ဝေမာ နဲ့ လိုက်သွားပြီး ပြန်လာတော့ ဒေါသ တွေထွက် ပြီးပြန်လာတဲ့ ဖူးဖူး ။ ရန်ကုန် ရဲ့ နေ့ခင်း ပိုင်း အပူဒဏ် နဲ့ ဒေါသထွက် နေတာပါ ရော လိုက်တော့ ဖူးဖူးရဲ့ မျက်နှာ လေးက ပေါက် ထွက် တော့မယ့် ခရမ်းချဥ်သီး လေးလိုပဲ ။
"စကာပြန်နဲ့ ရန်ဖြစ်လာတာ မ မိုးရေ " ကျွန်မ အမေး ကို သူပြန်မဖြေ သောကြောင့် ဝေမာဦး မှ အစားဝင် ဖြေပေးလိုက်သည် ။
"ပြောပြ ပါ အုံး အကြောင်းစုံ ကို " ချိုရီ က ပါ ဖြည့်မေးလိုက်တော့
"ဒီလို မမ ရေ စက်ရုံထဲ က ကလေးတွေ ကို က ကြီး ကောင်က နဲနဲ ဆို စကားပြန်က များများ ဟောက်နေလို့ ။ ဟို ကလေး တွေကို သူ မကျေနပ် တာ ဘာရှိ လဲ မသိ ဇွတ်ဟောက်နေတာ။ က ကြီးကောင် ပြောတာထက် ၅ ဆ လောက်ပိုပြော ။ ကလေး တွေ က မျက်နှာ ငယ်လေး တွေနဲ့ မြင်ရတာ ကြားရတာ အဆင်မပြေ တော့တာ နဲ့ ဖူး လဲ ဝင်ပြောခဲ့တယ် ။ "
"အလုပ် ကို ကောင်းကောင်း လုပ် ဖို့ထက် သူနဲ့ တဲ့ဖို့ သူ နဲ့ အဆင်ပြေဖို့ ပဲ ကလေးတွေ က ဖားနေရတယ် ။ သူနဲ့ အဆင်ပြေ တဲ့သူ တွေ ကျ က ကြီး ကောင်တွေ ဆီ ကို ဖာဖာ တေးတေး ကာကွယ်ပြောပေးနေတာ ဘာလဲ အရာ အားလုံးက သူ့ပါစပ်ထဲ မှာပဲ။ အဲ့တာ နဲ့ သူက နင်တက်နေ ရင် နင်ဝင် ပြောလေ ဆို လို့ က ကြီး ကောင် ကို ဖူးတို့ ၃ ယောက်ပဲ သိနိုင်မယ့် က ကြီး စကားနဲ့ ပဲ ကောင်းကောင်း ပြောပေးခဲ့ပြီး ထွက်လာခဲ့တယ် ။ ကျန်တာ သူနဲ့ ကကြီး ကောင် ဆက်ရှင်း လိမ့်မယ် "
"Good Job"
ဖူးဖူး စကား အဆုံး အနောက်က ရောက်လာတဲ့ ဂျာကြီး က လက်ခုပ်တီး ရင် ဖူးဖူး ကို သြဘာပေးပါတယ် ။တစ်ကယ်ပါ ကျွန်မ တို့ ရုံးပိုင်းတွေက ပါ ထို စကား ပြန် မလေး ကို အဆင်ပြေအောင်ပေါင်းနေ ရတဲ့ အနေအထားပါ ။ ရုံးပိုင်တွေက အဂ်လို ပြောရင် ရ နိုင်ပေမဲ့ စက်ရုံ ပိုင်းက ကလေးတွေ အတွက်ကျ ကိုရီးယား နဲ့ မြန်မာ ပေါင်း အုပ်ချုပ်သူတွေက sector နှစ်ခု သုံးခု ပေါင်းပြီးကိုင်ကြ တော့ စကာပြန်က အနည်းဆုံး ၃ ယောက် ၄ ယောက် တော့ရှိတက်တယ် ။ စကာပြန်တိုင်း ကို မကောင်းဘူး မပြော ပေမဲ့ အခု ဖူးဖူး နဲ့ ပြသာနာ ဖြစ်ခဲ့တဲ့ ကလေးမ လေးက အမည် ဆိုး ထွက်ထားတဲ့ ကောင်မလေး မို့ အကုန်လုံးက ဖူးဖူး ဘက်က ထောက်ခံကြတာ ပေါ့ ။
YOU ARE READING
My Senior
Romanceအချစ်တစ်ခုမှာ... အချစ်က ၅၀% ဆို ယုံကြည်မှု ကလဲ ၅၀% သက်ဆိုင်တယ်။ ယုံကြည်မှုရှိမှ အချစ်ဆိုတာပိုပြီး ပြည့်စုံစေတယ်။