Episode - 1

4.4K 293 25
                                    

ချစ်သူ​တွေကိုမြင်ရင် ထူးဆန်းတယ်လို့ မခံစားရဘူးလား။ အတူသွားလာ၊ စား​သောက်၊ ​ပျော်ရွှင်ပြီး ပြဿာနာနဲ့အခက်အခဲ​တွေကို ရင်ဆိုင်ခဲ့ကြပြီးမှ တစ်​နေ့မှာ ဘယ်တုန်းကမှမသိခဲ့ဖူးတဲ့ သူစိမ်း​တွေလို ​နေပစ်လိုက်နိုင်တာမျိုး​ပေါ့။

×

အချင်းချင်း ပြန်​တွေ့တဲ့အခါ သူတို့စိတ်ထဲမှာ ဘာ​တွေ​တွေး​နေမလဲ။ လက်လွှတ်မိလို့ ​နောင်တရ​နေမလား ဒါမှမဟုတ် လမ်းခွဲခဲ့လို့ ​တော်​သေးတာ​ပေါ့ဆိုတဲ့ အားရမှုမျိုးဖြစ်​နေမလား။

လူ​တွေဟာ တစ်​ယောက်ကိုတစ်​ယောက် ယုံယုံကြည်ကြည် ​မေတ္တာသက်ဝင်ခဲ့​ပေမယ့် လမ်းခွဲနှုတ်ဆက်ခြင်း​တွေက​တော့ ဆန်းကြယ်တယ်။ တစ်ချို့က တစ်ဖက်သားကိုမယုံလို့ ပြတ်စဲတယ်။ တစ်ချို့ကျ​တော့ ကိုယ့်ကိုယ်ကို မယုံနိုင်​တော့လို့ ပြတ်စဲတယ်။

တကယ်တမ်း ဘာ​ကြောင့်လမ်းခွဲတယ်ဆိုတာက အ​ရေးကြီးတာလား။ မဟုတ်ဘူးပဲ။ လမ်းခွဲပြီးရင် ကျန်ခဲ့တဲ့အမှတ်တရ​တွေကို ဘယ်လိုအမြန်ဆုံး ​ဖျောက်ဖျက်နိုင်မလဲဆိုတာက ပိုအ​ရေးကြီးတာ​ပေါ့။

ဘာလို့လဲဆိုရင် အမှတ်တရ​တွေ။ အဲ့အမှတ်တရ​တွေက​လေ ငါဘယ်​တော့မှ ဒီလူနဲ့ ဒီလိုမျိုး​တွေ ပြန်မဖြစ်နိုင်​တော့ဘူးဆိုတဲ့ ခံစားချက်ကို​ပေးတာမလား။

ဒါ​ကြောင့် လမ်းခွဲပြီးတာနဲ့ အရင်ဆုံးရှင်းထုတ်ပစ်ရမှာက အမှတ်တရ​တွေပါပဲ။

×

Minjeong ၏ စက္ကူပုံးထဲတွင် မလိုအပ်​တော့ဘူးဟု ယူဆရသည့် တိုလီမုတ်စများ ပြည့်​နေသည်။

​လေ​အေး​ပေးစက်မဖွင့်ဘဲ အခန်းသန့်ရှင်း​ရေးလုပ်​နေခြင်းဖြစ်ရာ နဖူးတွင်​ချွေးစက်​လေးများ သီးလျက်ရှိ​သော်လည်း မရပ်နားမိ။ ဒုတိယ​မြောက် စက္ကူပုံးကိုဖြည့်ရန် အဝတ်ဗီဒိုအား ​မွှေ​နောက်ရှာ​ဖွေ​နေ​လေပြီ။

မျက်စိထဲမြင်သမျှ လွှင့်ပစ်သင့်သည့် အဝတ်အစားတိုင်းကို လက်တ​ပွေ့သယ်လာပြီး ​​ခေါက်ထည့်ရန်အတွက် စက္ကူပုံးနားထိုင်ချလိုက်မှသာ တစ်​နေ့လုံးမနားရ​သေး​သော ကိုယ့်အဖြစ်ကိုယ် သတိရလာသည်။

HappenedWhere stories live. Discover now