Episode - 17

1.5K 207 41
                                    

တစ်ချို့အရာ​တွေ ဆုံးရှုံးသွားပုံက အသံမကျယ်ဘူး၊ သရုပ်မပျက်ဘူး။ ​နေထိုင်လာရင်း လှည့်ပြန်ကြည့်လိုက်​တော့မှ ​သြော်.. ဒီ​နေရာမှာ ရှိမ​နေ​တော့ဘူးပဲလို့ သတိထားမိပြီး ကိုယ့်လမ်းကိုယ် ဆက်​​လျှောက်သွားရတာမျိုး​ပေါ့။

×

အယ်ရီ အူချီနာဂါ။

ဂျီမင်းရဲ့ ဆယ်​ကျော်သက်ဘဝကို အတူဖြတ်သန်းခဲ့တဲ့ တစ်ဦးတည်း​သော မိန်းက​လေးသူငယ်ချင်း။ အတူသွား၊ အတူစား​သောက်ခဲ့ပြီး သူ့အိမ်ကိုယ့်အိမ် အလည်အပတ် သွား​ရောက်ကြတဲ့ ဆက်ဆံ​ရေး။ ဒီလိုမျိုး နီးကပ်​နေရင်းက​နေ ဘာ​ကြောင့်​ဝေးသွားတာပါလိမ့်။

ဂျီမင်းတွဲခဲ့ဖူးတဲ့ ​ယောကျ်ား​လေး​တွေနဲ့ ​နောက်ကွယ်မှာ​ဖောက်ပြားလို့လား ဒါမှမဟုတ် အနားကပ်​ပေါင်းပြီး ဂျီမင်းအ​ကြောင်း မဟုတ်တဲ့သတင်း​တွေ ​လျှောက်ဖွလို့များလား။

မဟုတ်ဘူး။ ဒါ​တွေ တစ်ခုမှမဟုတ်ဘူး။

သူမတို့နှစ်​ယောက်က ဒီတိုင်း​ဝေးသွားတာ။

လက်ညှိုးညွှန်စရာ အ​ကြောင်းပြချက်ရယ်လို့ တိတိကျကျမရှိဘဲ စကား​တွေမ​ပြောဖြစ်​တော့ဘူး။ စာလည်းမပို့ဖြစ်​တော့ဘူး။ ​တွေ့လည်းမ​တွေ့ဖြစ်သလို မျက်နှာချင်းဆိုင် တည့်တည့်တိုးရင်​တောင် မမြင်ချင်​ယောင်​ဆောင်ပြီး ကိုယ့်လမ်းကိုယ်သွားကြတဲ့ သူစိမ်း​တွေဖြစ်သွားတာ။

အခုလို စားပွဲတစ်ဝိုင်းထဲမှာ ညစာအတူစားတဲ့ အ​​ခြေအ​နေမျိုး ပြန်​ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မ​တွေးခဲ့ဖူးပါ။

မိဘ​တွေက​တော့ ဘာမှမသိ။

"ဆို​တော့ အယ်ရီ၊ သမီးအဖွား​ရော ဘယ်လို​နေ​သေးလဲ"

"အဖွားက ​နေ​ကောင်းပါတယ်၊ သူ့ကျန်းမာ​ရေး စိတ်ချရတယ်ဆိုလို့ သမီးလည်း ကိုရီးယားကိုပြန်လာတာ၊ မဟုတ်ရင် ဂျပန်မှာပဲ ​နေဖြစ်သွား​တော့မှာထင်တယ်"

အ​မေက ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် အယ်ရီ့စကားကို နား​ထောင်သည်။ ရံဖန်ရံခါလည်း ပန်းကန်ထဲသို့ ဟင်းများ ခပ်ထည့်​ပေး​တတ်သည်။

HappenedOnde histórias criam vida. Descubra agora