ငါမင်းနဲ့ မတွဲချင်ဘူး။ ဒါပေမယ့် မင်းကိုလည်း တခြားတစ်ယောက်ယောက်နဲ့ ချစ်မသွားစေချင်ဘူး။ ငါက မင်းနဲ့ ချစ်သူလုပ်ဖို့ကလွဲရင် တခြား တစ်နည်းမဟုတ်တစ်နည်းနဲ့ ပတ်သတ်ချင်တာ။
×
"ငါတော့သွားပြီ ဘာလို့အဲ့လိုတွေ ပြောခဲ့မိတာလဲ "
စားပွဲနှင့်နဖူး မိတ်ဆက်ပေးလိုက်ရင်း Minjeong တစ်ယောက် ငြီးတွားနေတာကို Ningi တို့မြင်ရသည်။
"သူကဖြင့် ငါ့ကိုတောင် ဘာမှသေချာမပြောရသေးဘူး ငါက ကိုယ့်ကိုကိုယ်အရမ်းတွေးမိပြီး ပြောချပစ်လိုက်တာ ရှက်ဖို့ကောင်းလိုက်တာ "
စာကြည့်တိုက်ထဲက အဖြစ်အပျက်ကို ပြန်စဥ်းစားမိတိုင်း Minjeong သေချင်စိတ်တွေပေါက်သည်။ ဘာစကားမှ ပြန်မပြောဘဲ ရပ်ကျန်နေခဲ့သည့် Yu Jimin ရဲ့မျက်နှာက မိမိကိုယ်မိမိ ရူးသွားပြီလားလို့ ခံစားရစေသည်။
သေချာပေါက် သူက နှစ်ယောက်မရှိတဲ့ Yu Jimin ဖြစ်ပြီး Minjeong က သာမန် လမ်းမှာတွေ့ရင် တစ်ချက်ကြည့်ပြီး အမေ့ခံလိုက်ရမယ့် မိန်းကလေးမျိုးကို ဘာလို့အဲ့စကားတွေ ပြောခဲ့မိမှန်း မသိတော့ဘူး။
"ဒါနဲ့ သူနင့်ကိုကြိုက်နေတယ်လို့ရော မတွေးမိဘူးလား "
"Ryujin!! "
"ဘာလဲ ငါကသိချင်လို့မေးတာကို "
"သူကငါ့ကိုကြိုက်မလား! ဖြစ်နိုင်မလား ဟမ်! "
ဒီအရှက်တရားတွေ မရောက်လာခင် Minjeong နဲ့သူ စကားတောင်မပြောခဲ့ဖူးတဲ့ အချိန်ကို ပြန်သွားချင်လာသည်။
"သူကနင့်ကိုဂရုစိုက်တယ် နောက်ပြီး လက်လည်းတွဲတယ် အပြင်တွေလည်းသွားကြတယ် မဟုတ်ဘူးလား "
"အဲ့ဒါ တခြားမိန်းကလေး သူငယ်ချင်းတွေလည်း လုပ်ကြတာပဲ အခုတောင်ငါတို့တွေ တွေ့နေကြတာပဲ မဟုတ်ဘူးလား "
"သူငယ်ချင်းအချင်းချင်း အဲ့လိုအီစီကလီလုပ်နေတာရော မြင်ဖူးလို့လား duh "
Minjeong သာ ခေါင်းရှုပ်မနေရင် Ningi လေသံကြောင့် ရယ်မိမှာပါပဲ။ ဒါပေမယ့် အခုက ရယ်စရာအခြေအနေမဟုတ်။

YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။