ဒီခရီးက ဘယ်အချိန်မှဆုံးမယ် သေချာမသိဘူး။ ဒါပေမယ့် မင်းနဲ့အတူတူ လျှောက်သွားချင်တာတော့ သေချာပါတယ်။
X
အိပ်မက်ကနိုးလာတော့ မင်ဂျောင်းဘေးမှာ အစ်မထိုင်နေတယ်။ မျက်လုံးတွေကို မှိတ်ထားပြီး ခြေထောက်တွေလည်း ချိတ်ထားရင်းပေါ့။ သူ့ပုံစံက အေးအေးလူလူပါပဲ။ ပင်လယ်ဘက်ကလာလို့ ဆားနံ့ရောနေတဲ့ သဘာဝလေပြေတွေကို သေချာခံစားနေပုံရတယ်။
မင်ဂျောင်းလည်း သူ့လိုထိုင်နေရင်းက အိပ်ပျော်သွားတာပါပဲ။ ဒါပေမယ့် သူ့လောက် စမတ်မကျ။ သာမန်လူတွေအတွက် ကြည့်မကောင်းလောက်တဲ့ အခြေအနေမျိုးတွေက သူကြုံရပြီဆိုရင် မော်ဒယ်လ်ဆန်ဆန် အနုပညာဆန်ဆန် မျက်လုံးထဲကြည့်ကောင်းသွားတာမျိုး။
ငေးကြည့်နေရင်း ဘာတွေတွေးနေမလဲလို့ သိချင်လာတယ်။ မျက်လုံးတွေမှိတ်ထားတဲ့အခါ အေးချမ်းမှုတစ်ခုကို သူ့မျက်နှာပေါ်မြင်ရတယ်။
"အချစ်က ပင်လယ်သမုဒ္ဒရာနဲ့တူတယ်တဲ့ "
မင်ဂျောင်းအကြည့်တွေကို ခံစားမိတဲ့အလား အစ်မက ရေရွတ်တယ်။
"တစ်ချို့လူတွေက ရေကြောက်တယ်၊ ဘာရှိနေမယ်မှန်း မမြင်မတွေ့ရတဲ့ ခပ်နက်နက် ပင်လယ်ထဲ လက်ပစ်ကူးရမှာ ကြောက်ကြတယ်၊ တစ်ခုခုလွဲချော်သွားရင် ဟိုးသမုဒ္ဒရာအောက်ခြေအထိ နစ်မြုပ်သွားမှာကိုး၊ ဘယ်တော့မှလည်း အလင်းရောင် ပြန်မြင်နိုင်တော့မှာမဟုတ်ဘူးလေ"
ဒီနောက်တော့ သမုဒ္ဒရာနဲ့တူတဲ့ သူ့မျက်လုံးတွေ ပွင့်ဟလာပြီး မင်ဂျောင်းရှိရာဘက် မျက်နှာမူတယ်။
"အဝေးက လိုက်ကြည့်နေခဲ့တုန်း မင်းလည်း အဲ့လိုနစ်မြုပ်သွားမလားလို့ အစ်မ စိုးရိမ်ခဲ့သေးတယ် မင်ဂျောင်း"
မင်ဂျောင်း နှာခေါင်းရှုံ့လိုက်ပြီး -
"အယ်ရီနဲ့ပြတ်တုန်းက ကျွန်မ အဲ့လောက်တောင် ပုံပျက်ပန်းပျက် အသည်းကွဲနေခဲ့တာလား"
YOU ARE READING
Happened
Fanfictionလူတိုင်းက တစ်စုံတစ်ခု၊ တစ်နေရာရာ၊ တစ်ချို့အဖြစ်အပျက်နဲ့ တစ်စုံတစ်ယောက်တို့ကို မေ့ပစ်နိုင်ဖို့ ကြိုးစားနေကြတာပါတဲ့။